2021 Ford Bronco အတွက် အဆင်သင့်ပဲလား

0

Full article

Bronco SUV ကိုကြိုမှာထားတဲ့သူတွေက ၂ သိန်းနီးပါးရှိနေပါပြီ။ ဖြန့်ချိမှုလည်း စတင်နေပါပြီတဲ့။

  • 2021 Ford Broncos ကိုမှာထားတဲ့သူတွေအတွက် ဒီလအစပိုင်းမှာ Ford ကနေ စတင်ပို့ဆောင်ဖြန့်ချိပေးနေတာပါ။
  • Bronco အသစ်ကို တံခါး နှစ်ပေါက် ဒါမှမဟုတ် တံခါး လေးပေါက် ၊ ခေါင်အမာ ဒါမှမဟုတ် ခေါင်အပျော့၊ တံခါးတွေနဲ့ ခေါင်တွေကို ဖြုတ်နိုင်တပ်နိုင်တာ ကြိုက်သလိုမှာလို့ရပါတယ်။
  • တံခါးနှစ်ပေါက် Bronco အသစ်ရဲ့ဈေးနှုန်းက $29,995 ကစတင်ပြီး တံခါးလေးပေါက်ဆိုရင်တော့ $34,695 ကစတင်ပါလိမ့်မယ်။ အခုမှ မှာမယ့်သူတွေဟာ နောက်နှစ်လောက်မှ ရရှိနိုင်ဖွယ်ရာရှိတယ်လို့လည်း သိရပါတယ်။

2021 ထုတ် မော်တော်ကားတွေထဲမှာ Ford Bronco တွေဟာလည်း ရေပန်းစားတဲ့ အမျိုးအစားတခုပါပဲ။ အမှာအားဖြင့် ၁၉၀,၀၀၀ ကျော်ရရှိထားပြီးသားပါ။

အခုပုံမှာမြင်တွေ့ရတာကတော့ တံခါးလေးပေါက် ခေါင်မာအမျိုးအစား Bronco အနီရောင် (Race Red) ကို တန်ဆာပလာအစုံအလင်နဲ့ဖြစ်ပါတယ်။ Four-door Badlands model ရဲ့တန်ဖိုးဟာ $46,085 ကစတင်တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အမေရိကမှာရှိတဲ့ Traverse City နဲ့ Michigan တို့မှာရှိတဲ့ ကြိုတင်ဝယ်ယူသူတွေထံကို စတင်ပို့ဆောင်နေပါပြီ။

Bronco အသစ်မှာ trim ၆ မျိုးအထိရွေးချယ်စရာက ရှိနေတာပါ။ Base ၊ Big Bend ၊ Black Diamond ၊ Outer Banks ၊ Wildtrak နဲ့ Badlands ဆိုပြီးတော့ပေါ့။ တံခါးနှစ်ပေါက်နဲ့မှာယူမယ်ဆိုရင်တော့ ခေါင်အမာနဲ့ပဲရရှိနိုင်မှာဖြစ်ပြီး တံခါးလေးပေါက်မှာယူမှာသာ ခေါင်အပျော့၊ အမာ ရွေးချယ်နိုင်မှာဖြစ်တယ်။ Jeep Wranglar တို့ Gladiator တို့လို တံခါးတွေ၊ ခေါင်တွေကို လိုသလို ဖြုတ်လို့ တပ်လို့ရတယ်။

မောင်းနှင်မှုအတွက် 300-hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်စွမ်းရှိတဲ့ 2.3-liter turbocharged အင်ဂျင်တပ်ဆင်ထားပြီး 10-speed automatic transmission က standard အနေနဲ့ ရရှိနိုင်မှာဖြစ်တယ်။ Manual လိုချင်ရင်တော့ 7-speed ကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ 330-hp အထိ ပါဝါထုတ်လွှတ်ပေးနိုင်တဲ့ twin-turbo 2.7-liter V6 အင်ဂျင်နဲ့လိုချင်ရင်လည်း မှာယူလို့ရနိုင်ပေမဲ့ အဲဒီအင်ဂျင်နဲ့ဆိုရင်တော့ automatic transmission ကိုပဲ​ရွေးချယ်စရာမရှိ ဝယ်ယူရမှာပါ။

ရင်ခုန်စရာ Bronco အသစ်တွေကို မြန်မာနိုင်ငံအတွက်ဆိုရင် Link မှာသာ ဝင်ရောက်ကြည့်ရှုလိုက်ပါတော့။

Ref and photos: Get Ready to See 2021 Ford Broncos on the Road

Author