Chip ရှားပါးလာမှုကြောင့် ထုတ်လုပ်မှု ရပ်နားရန်ရှိနေသည့် Ford ၏ F-150 နှင့် Bronco Sport

0

Full article

  • Semiconductor chips များ ရှားပါးမှုပြဿနာသည် မော်တော်ယာဉ်ထုတ်လုပ်မှု နယ်ပယ်အထိ ရောက်ရှိလာပြီး Ford ၏ မြောက်အမေရိက စက်ရုံ ၈ ရုံမှာ အချိန်အတိုင်းအတာတခုအထိ ထုတ်လုပ်မှု ရပ်နားထားရန်ရှိနေ
  • အဆိုပါ ရပ်နားမှုတွင် Ford ၏ Mustang နှင့် Escape crossover တို့ပါဝင်သည့်အပြင် ရောင်းအားကောင်းလှသော F-150 pickup နှင့် Bronco Sport SUV တို့ပင်ပါဝင်လျက်ရှိသည်။

Detroit — Ford မှထုတ်လုပ်လျက်ရှိသော Mustang ၊ Escape ၊ F-150 နှင့် Bronco တို့သည် chip ရှားပါးမှုပြဿနာကြောင့် အချိန်အတိုင်းအတာတခုအထိ ထုတ်လုပ်မှုရပ်တန့်ရတော့မည်ဟု CNBC တွင်ရေးသားထားသော သတင်းများအရသိရသည်။ ထိုသို့ ထုတ်လုပ်မှုရပ်တန့်ရာတွင် မြောက်အမေရိကရှိ စက်ရုံ ၈ အထိ ပါဝင်ဖွယ်ရာရှိနေသည်။

“ကျွန်တော်တို့အဖွဲ့သားတွေဟာ ရနိုင်သမျှ semiconductor တွေရဖို့ နေရာခွဲဝေပြီး အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။ အရည်အသွေးမြင့် မော်တော်ယာဉ်တွေကို ကျွန်တော်တို့ရဲ့ dealers တွေနဲ့ customers တွေထံကို ရောက်ရှိစေဖို့ ပြိုင်ဘက်ကင်းတဲ့အဖြေကို ကျွန်တော်တို့ဆက်လက်ရှာဖွေနေပါတယ်။” ဟု Ford က ၎င်းတို့၏ email ကြေညာချက်တွင် ဖေါ်ပြထားသည်။

အဆိုပါကြေညာချက်သည် အမေရိကသမ္မတ Joe Biden ၏ Michigan ရှိ Ford ၏စက်ရုံသို့ လာရောက်လည်ပတ်မှုအပြီး ထွက်ရှိလာခြင်းဖြစ်သည်။ Biden က ပြည်တွင်း chip ထုတ်လုပ်မှုကို အားပေးသွားခြင်းဖြင့် ယခုကဲ့သို့ ရှားပါးမှုပြဿနာထပ်မကြုံတွေ့စေရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောကြားသွားခဲ့ခြင်းဖြစ်၏။

Biden လာရောက်ခဲ့သည့် စက်ရုံမှာ လာမည့်နှစ်အစောပိုင်းတွင် လျှပ်စစ်စွမ်းအင်သုံး F-150 ထုတ်လုပ်မည့် Michigan, Deaborn ရှိ Ford ၏စက်ရုံဖြစ်သည်။

ထုတ်လုပ်မှုရပ်နားဖွယ်ရာရှိသော Ford ၏ စက်ရုံများမှာ

  • Illinois ရှိ Chicago Assembly Plant — မေလ ၃၁ ရပ်နေ့မှ စတင်ရပ်နားသွားမည်ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် လုပ်ငန်းလျော့ချ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
  • Michigan ရှိ Flat Rock Assembly Plant — မေ ၃၁ မှ ဇွန် ၇ ရက်နေ့အထိ ထုတ်လုပ််မှုခေတ္တရပ်နားသွားမည်။
  • Michigan ရှိ Dearborn Truck Plant နှင့် Missouri ရှိ Kansas City Assembly Plant — မေလ ၃၁ ရပ်နေ့မှ စတင်ရပ်နားသွားမည်ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် လုပ်ငန်းလျော့ချ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
  • Mexico ရှိ Hermosillo Assembly Pant — ဇွန်လ ၂၁ မှ ၂၈ ရက်နေ့အထိ ထုတ်လုပ်မှုများ ခေတ္တရပ်နားသွားမည်။
  • Kentucky ရှိ Louisville Assembly Plant — မေ ၃၁ မှ ဇူလိုင်လအလယ်အထိ ထုတ်လုပ်မှုများရပ်နားသွားမည်ဖြစ်သည်။
  • Canada ရှိ Oakville Assembly Complex — မေ ၃၁ မှ ဇွန် ၂၈ ရက်နေ့အထိ ထုတ်လုပ်မှုများရပ်နားသွားမည်။
  • Ohio Assembly Plant — Super Duty Chassis cabs များနှင့် Medium Duty trucks များကိုသာ မေ ၃၁ မှ ဇွန်လ ၇ ရက်၊ ဇွန်လ ၁၄ ရက်နေ့အထိ ထုတ်လုပ်သွားမည်။

Ref: Ford to halt production of F-150, Bronco Sport and other vehicles due to chip shortage

Author