သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလကို ထပ်မံတိုးမြှင့်

0

Full article

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလကို ထပ်မံတိုးမြှင့်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှသိရသည်။

COVID -19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ စိတ်ဓါတ်ရေးရာမြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ အခွန်အခများ ဖြေလျှော့ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁) စောင်လျှင် ကျပ် ၃၀,၀၀၀ (သုံးသောင်း) နှုန်းဖြင့် ပြောင်းလဲကောက်ခံခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စင်တင်ဘာလ ၃၀ ရက်နေ့အထိအား အမိန့်ကြေညာစာအမှတ် ၂၃/၂၀၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိအား အမိန့်ကြေညာစာအမှတ် ၆၄/၂၀၂၀ ဖြင့်လည်းကောင်း ကာလတိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ကောက်ခံခြင်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံပြီး ကာလတိုးမြှင့်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

COVID -19 ရောဂါဖြစ်နေစဉ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများထိခိုက်မှုကိုသက်သာစေရေးအတွက် သွင်းကုန်လိုင်စင်ကြေးကို ယခင်က ပစ္စည်း၏ ဆိပ်ကမ်းအရောက်တန်ဖိုး (CIF) အပေါ်မူတည်ပြီးကောက်ခံခဲ့ရာမှ  သွင်းကုန်လိုင်စင်တစ်စောင်လျှင် ကျပ် (၃၀,၀၀၀) ကျပ်သို့ သတ်မှတ်ကောက်ခဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Author