စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်နှုန်းထားများ လျှော့ချကောက်ခံခြင်းအတွက် ဘဏ်ငွေသွင်းရက်ကာလကို ထပ်မံတိုးမြှင့်

0

Full article

စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်နှုန်းထားများ လျှော့ချကောက်ခံခြင်းအတွက် ငွေသွင်းရက်ကာလကို ထပ်မံတိုးမြှင့်လိုက်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအတွက် ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သက်ညှာလျှော့ပေါ့ပေးထားသည့် အခွန်နှုန်းထားများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိသာ ခံစားခွင့်ရှိပါသဖြင့် ယင်းနေ့အမီ လျှော့ပေါ့နှုန်းထားများကို အခွန်ထမ်းပြည်သူများ ခံစားနိုင်ရေးအတွက် စည်းကြပ်တောင်းခံထားသော ငွေသွင်းချလန်ကို ရယူပြီးနောက် အဆိုပါချလန်ပေါ်တွင်  (၃၀.၉.၂၀၂၀) ရက်နေ့ နောက်ဆုံးထားပြီး ဘဏ်သို့ငွေသွင်းရမည် ဟူသည့် ဖော်ပြထားချက်အရ မြန်မာ့စီးပွားရေးဘဏ်တွင် စုပြုံပြီး အခွန်ငွေပေးသွင်းလျက်ရှိသည့်အတွက် COVID -19 ဖြစ်ပွားစဉ်ကာလအတွင်း လူစုလူဝေးဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကြေညာချက်အမှတ် ၄/၂၀၂၀ ဖြင့် အခွန်ပေးသွင်းရမည့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ ရွှေ့ဆိုင်းပေးခဲ့ရာမှာ ယခုအခါ COVID-19 ကာကွယ်၊ တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များအား ပြည်သူများမှ ပြည့်ပြည့်ဝဝ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်ပေးသွင်းရမည့် ရက်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ နောက်ဆုံးထား ပေးသွင်းနိုင်ကြောင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်းသိရသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်နှုန်းထားသည် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ၁ ကျပ်မှ သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်းဆောင်ရန် သတ်မှတ်ထားပြီး ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ၆ ရာခိုင်နှုန်းဆောင်ရန် သတ်မှတ်ထားကြောင်းသိရသည်။

Author