Ducati သည် MotoGP Constructor ၏အဆင့်သတ်မှတ်ချက်၌ ၂၀၂၀ ပြည့်နှစ်၏ ရောင်းအားအကောင်းဆုံးစံချိန်ကို ရောက်ရှိခဲ့

0

Full article

Ducati သည် MotoGP Constructor ၏အဆင့်သတ်မှတ်ချက်၌ ၂၀၂၀ ပြည့်နှစ်၏ ရောင်းအားအကောင်းဆုံးစံချိန်ကို ရောက်ရှိခဲ့ကြောင်း သိရသည်။

Ducati အနေဖြင့် ၆လအတွင်း နိုင်ငံပေါင်း ကိုးဆယ်ကျော်၌ မော်တော်ဆိုင်ကယ်အစီးရေပေါင်း ၄၈,၀၄၂ ရောင်းချနိုင်ခဲ့ခြင်း၊ တရုတ်၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများတွင် ၂၀၁၉ခုနှစ်ကထက် ရောင်းအားပိုမိုကောင်းမွန်လာခဲ့ခြင်း၊ ၂၀၂၀ပြည့်နှစ်အတွင်း Ducati Scramble အစီးရေ ၉,၂၆၅၊ Streetfighter V4 အစီးရေ ၅,၇၃၀ ရောင်းချနိုင်ခဲ့ခြင်း စသည့် မှတ်တမ်းကောင်းများရှိခဲ့သည်။ ၂၀၂၀ပြည့်နှစ်အတွင်း Covid-19 ကြောင့် မတ်လနှင့် ဧပြီလများတွင် စက်ရုံပိတ်ထားခဲ့ရသော်လည်း အရောင်းရလဒ်မှာ ကောင်းမွန်ခဲ့ကြောင်းသိရသည်။ တရုတ်တွင် လွန်ခဲ့သည့်နှစ်များထက် အစီးရေ ၂၆% တိုးတက်လာခဲ့သလို ဂျာမနီတွင် အစီးရေ ၆.၇%၊ ဆွစ်ဇာလန်တွင် အစီးရေ ၁၁.၁%၊ အီတလီတွင် အစီးရေ ၇,၁၀၀နှင့် ကမ္ဘာ့ပထမဆုံးဈေးကွက်ဖြစ်ခဲ့သည်။

“၂၀၂၁ကို သေချာကောင်းမွန်စွာ ပြင်ဆင်ထားသလို မော်တော်ဆိုင်ကယ်ချစ်သူတွေကြိုက်နှစ်သက်မယ့် ပုံစံတိုင်းကို ဂရုတစိုက်ပြင်ဆင်ထားပါတယ်။ နှစ်စပိုင်းမှာတင် အသစ်အသစ်သော ဖန်တီးမှုတွေပြုလုပ်ခဲ့တဲ့အတွက် Ducati ချစ်သူတွေရဲ့ လက်ခံအားပေးမှုကိုလည်းရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဆိုင်ကယ်ပြိုင်ပွဲတွေကျင်းပမယ့် ရာသီတွေရောက်လာရင် Ducati ကို ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ Rider တွေနဲ့ အကောင်းဆုံးတွေကို လက်တွဲလုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်”

ဟု Ducati CEO ဖြစ်သူ Claudio Domenicali မှ ပြောကြားခဲ့သည်။

Ducati သည် Constructor’s World Title in MotoGP ကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၂၀နှစ်ကုန်အထိ မော်တော်ဆိုင်ကယ်အစီးရေပေါင်း ၄၈,၀၄၂ အစီး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Author