၁၉၉၇ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တရုတ်နိုင်ငံမှာတည်ရှိတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာမော်တော်ယာဉ်အမှတ်တံဆိပ်လို့ဆိုရမယ့် Chery ဟာ အခုဆိုရင် မြန်မာပြည်ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Chery ဆိုတာ ...
လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်းမှာ Chery ဟာ လွတ်လပ်သော ဆန်းသစ်တီထွင်မှုတွေကို အမြဲတစေပြုလုပ်ခဲ့သလို တရုတ်၊ ဂျာမနီ၊ အမေရိကန်နှင့်ဘရာဇီးတို့တွင် R&D စင်တာများကိုအများအပြားတည်ထောင်ခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုပါ။ အထူးသဖြင့် Chery နဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် သူ့ရဲ့ ဝိသေသကတော့ အင်ဂျင်ပိုင်းဆိုင်ရာဖြစ်ပြီး မျိုးဆက်သုံးဆက်ရှိပြီဖြစ်တဲ့ ACTECO engines ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ အင်ဂျင်များထဲမှာ ထိပ်ဆုံးက ဦးဆောင်နေတယ်ဆိုတာ Chery ရဲ့ တရုတ်ဗဟိုပြုချက် စံပြ ၂၁ နှစ်ဖွံဖြိုးတိုးတက်ခရီးစဉ် ကပြသနေတာပဲ ဖြစ်တယ်။


Chery ACTECO အင်ဂျင်များရဲ့ ထူးခြားသောအချက်မှာ သုံးစွဲသူပေါင်း ၈ သန်းကျော်ကို 0.8 L မှ 4.0 L သို့ အဆင့်ဆင့်ပြောင်းလဲလာသည့် ကွဲပြားသော အင်ဂျင်စီးရီးများနှင့် စဉ်ဆက်မပြတ် တိုးတက် ပြောင်းလဲလာခြင်းဖြစ်ပြီး Chery အင်ဂျင်ထုတ်ကုန်များကို ကမ္ဘာအနှံ့ရှိ တိုင်းဒေသကြီးများနှင့် နိုင်ငံပေါင်း ၈၀ကျော်သို့တင်ပို့ခဲ့ပြီး အမေရိက၊ ဂျပန်၊ ဂျာမနီနှင့် အခြားမော်တော်ယာဉ်စက်မှုလုပ်ငန်းများသို့ သီးခြားစီတင်ပို့ခဲ့တာပဲ ဖြစ်တယ်။


Chery အမှတ်တံဆိပ်ဟာ ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့က စတင်ပြီး ကမ္ဘာကိုတင်ပို့တဲ့ ပထမဆုံး တရုတ်ကားအမှတ်တံဆိပ်အဖြစ် မှတ်တမ်းဝင်ထားခဲ့တာပဲ ဖြစ်တယ်။ ဆယ်စုနှစ်ပေါင်းများစွာဖွံ့ဖြိုးတိုးတက်မှုတွင် Cheryသည် ပြည်ပစျေးကွက်တွင် လွှမ်းမိုးမှု အများဆုံး အမှတ်တံဆိပ်ဖြစ်ပြီး ပို့ကုန်တင်ပို့မှုသည် နိုင်ငံပေါင်း ၈၀ ကျော်ကိုလွှမ်းခြုံထားနိုင်သလို ကမ္ဘာအနှံ့ဆိုင်ခွဲပေါင်း ၁,၅၀၀နီးပါးကို တည်ထောင်နိုင်ခဲ့တယ်။ နောက်ပြီးတော့ ၁၇ နှစ်ဆက်တိုက် တရုတ်မော်တော်ယာဉ် အမှတ်တံဆိပ်များ၌ လူစီးကားတင်ပို့မှုမှာ နံပတ် ၁ နေရာတွင်ရှိပြီး စုစုပေါင်းတင်ပို့မှုသည်ယူနစ် ၁.၆သန်းကျော် ရှိထားခဲ့တယ်။
Chery ACTECO အင်ဂျင်၏ ပထမမျိုးဆက်

အင်ဂျင်နဲ့ပတ်သက်ပြီး ပြန်ပြောရမယ်ဆိုရင် Chery စတင်တည်ထောင်ချိန်ကနေ ၂နှစ်အတွင်းမှာ သူတို့ရဲ့ ထုတ်လုပ်မှုတွေအတွက် နိုင်ငံခြားနည်းပညာတွေကို အသုံးပြုခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်တီထွင်နိုင်ခဲ့တဲ့ ပထမဆုံး အင်ဂျင်ကို အောင်မြင်စွာဖြန့်ချိနိုင်ခဲ့ပြီး ၂၀၀၃ခုနှစ်မှာတော့ ယွမ် ၂ ဘီလီယံရင်းနှီးမြှုပ်နှံခဲ့တဲ့ Chery ACTECO အင်ဂျင်၏ ပထမမျိုးဆက်ကိုစတင်နိုင်ခဲ့ကာ ကုမ္ပဏီရဲ့ ပထမဆုံးကိုယ်ပိုင်အင်ဂျင် ဖြစ်လာခဲ့တယ်။ ပထမမျိုးဆက် ACTECO စီးရီးအင်ဂျင်များသည် 0.8L မှ 2.0L အထိစွမ်းဆောင်ရည်အမျိုးမျိုးရှိတဲ့ အင်ဂျင်တွေပါ။
Chery ACTECO အင်ဂျင်၏ ဒုတိယမျိုးဆက်

Chery ACTECO ရဲ့ ဒုတိယမျိုးဆက်မှာတော့ ပိုမိုပေါ့ပါးပြီးကောင်းမွန်တဲ့ အင်ဂျင်တွေဖြစ်လာပြီး သိသိသာသာ ဖွံဖြိုးတိုးတက်လာခဲ့တယ်။ စွမ်းအင်၊ လောင်စာဆီသက်သာစေမှုတို့မှာ ပိုမိုပြည့်စုံတိုးတက်လာပြီး ပထမမျိုးဆက်အင်ဂျင်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ခဲ့သလို အင်ဂျင်အစိတ်အပိုင်း တည်ဆောက်ပုံ ပိုမိုကောင်းမွန်လာပြီး ထိုအချိန်က အခြားကုမ္ပဏီများက ထုတ်လုပ်သောအင်ဂျင်များနှင့် နှိုင်းယှဉ်ပါက ပိုမိုပေါ့ပါးလာခဲ့တယ်။ ဒီအင်ဂျင်အသစ်ကို Chery Arrizo နှင့် Tiggo စီးရီး အမျိုးမျိုးဖြင့်တပ်ဆင်ပြီး 1.6DVVT / 1.5DVVT / 1.0TCI / 1.5TCI အမျိုးအစားမျိုးစုံဖြင့် ရရှိနိုင်ခဲ့တယ်။
Chery ACTECO အင်ဂျင်၏ တတိယမျိုးဆက်

အမြဲတမ်းတိုးတက်နေခြင်း စစ်မှန်တဲ့အရည်အသွေးဆိုတာကို Chery ACTECO တွေက သက်သေပြခဲ့တယ်လို့ ဆိုရမယ်။ တတိယမျိုးဆက်မှာတော့ Chery ACTECO ဟာ "တစ်နှစ်တာထိပ်တန်းအင်ဂျင်ဆယ်မျိုး" ဆုအတွက် ရွေးချယ်ခံခဲ့ရတယ်။ လောင်ကျွမ်းခြင်းစနစ်၊ လျင်မြန်စွာအပူစီမံခန့်ခွဲမှုနည်းပညာ၊ လျင်မြန်သောတုန့်ပြန်မှု မြှင့်တင်နည်းပညာ၊ ပွတ်တိုက်မှုလျှော့ချခြင်းနည်းပညာနှင့် ပေါ့ပါးသော နည်းပညာတို့ ဖြင့် တည်ဆောက်ထားတဲ့ Chery ACTECO တတိယမျိုးဆက်ရဲ့ 1.6TGDI ဟာ ပိုမိုပေါ့ပါးလာပြီး လောင်စာဆီသက်သာစေပြီ းစွမ်းအင်ပိုမိုမြင့်မားလာခြင်းကြောင့် ၂၀၁၉ ခုနှစ်ဟာ Chery အတွက်ကြီးကျယ်ခမ်းနားသော နှစ်တစ်နှစ်ဖြစ်စေခဲ့တယ်။

ဒီလို စွမ်းဆောင်ရည်မြင့်မားတဲ့ အင်ဂျင်ကိုပိုင်ဆိုင်ထားတဲ့ Chery ဟာ တရုတ်နိုင်ငံရဲ့ ပထမဦးဆုံးသောမော်တော်ကားကုမ္ပဏီဖြစ်ပြီး အင်ဂျင်ပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ဂီယာဘောက်စနစ်၊ Chassis ၊ အင်ဂျင်စီမံခန့်ခွဲမှုစနစ် (EMS) နှင့် ကားပလက်ဖောင်းနည်းပညာ တို့ကို လွတ်လပ်သောဆန်းသစ်တီထွင်မှုဖြင့်ကျွမ်းကျင်စွာပြုလုပ်နိုင်ခြင်းကြောင့် နည်းပညာကို ဦးစားပေးသော စီးပွားရေးလုပ်ငန်းများတွင်ရှေ့တန်း ဖြစ်လာခဲ့တယ်။ Cheryရဲ့ စွမ်းအင်နည်းပညာ၊ ကားပလက်ဖောင်းနည်းပညာ၊ စွမ်းအင်အသစ် ၊အသိဉာဏ်ရှိသောကွန်ယက်ချိတ်ဆက်မှုနှင့် ကိုယ်တိုင်အလိုအလျောက်မောင်းနှင်မှုနည်းပညာ စသည့် အဓိကနည်းပညာနယ်ပယ်များတွင် ထိုးဖောက်အောင်မြင်ထားပြီး ဖြစ်တဲ့ အမှတ်တံဆိပ်ဆိုရင်လည်း မမှားပါဘူး။


အခုဆိုရင်တော့ Chery Automobile Co. , Ltd. ဟာ မြန်မာပြည်ဈေးကွက်ကို ရောက်ရှိလို့ လာခဲ့ပြီ။ မြန်မာပြည်ကားဈေးကွက်ထဲကို ဝင်ရောက်လာဖို့အတွက် Chery Automobile Co. , Ltd. အနေနဲ့ Super Seven Stars တို့ဟာ ၂၀၂၀ ခုနှစ်စက်တင်ဘာလ ၂၂ ရက်နေ့၊ Cloud တွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့တာပဲ ဖြစ်တယ်။ Super Seven Stars ဆိုတာကတော့ အများပိုင်ကုမ္ပဏီလီမိတက်တစ်ခုဖြစ်ပြီး မော်တော်ယာဉ် တင်သွင်းရောင်းချမှုကို အဓိကထားလုပ်ကိုင်နေတာဖြစ်သလို KIA ၊ Peugeot နှင့် Chery ကားတွေကို တင်သွင်းရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ Chery အမှတ်တံဆိပ်ဟာ SKD ထုတ်လုပ်မှုနှင့်ကုန်ပစ္စည်းဖြန့်ဖြူးရေးလမ်းကြောင်းများထူထောင်ရန်မဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှုလက်မှတ်ရေးထိုးကာ မြန်မာပြည်ဈေးကွက်အတွင်းသို့တရားဝင် ၀ င် ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။