BRIDGESTONE တာယာလုပ်ငန်း ရပ်ဆိုင်း

0

Full article

မြန်မာနိုင်ငံတွင် BRIDGESTONE တာယာ အရောင်းအတွက် ၇ နှစ်တိုင်တိုင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသော FJTS (First Japan Tire Service) သည် ပူးပေါင်းလုပ်ဆောင်ခြင်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက် ကြေညာချက်အရသိရသည်။

အဆိုပါကြေညာချက်၏အဆိုအရ BRIDGESTONE တာယာလုပ်ငန်းကို ၂၀၂၁ ခုနစ် ဇူလိုင်လအကုန်မှစ၍ ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ထိုသို့ရပ်ဆိုင်းရာတွင် FMC Contract ချုပ်ဆိုထားသော dealers များအနေဖြင့် YCDC စည်ပင်၏ BS Signboard အခွန်များကို FJTS မှ ကျခံတော့မည်မဟုတ် ဟုလည်းပါရှိသည်။

Bridgestone Corporation သည် ကမ္ဘာကျော် ဂျပန်တာယာကုမ္ပဏီကြီးဖြစ်ပြီး ၁၉၃၁ ခုကတည်းက Shojiro Ishibashi ကတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် BRIDGESTONE သည် ကမ္ဘာကျော် တာယာကုမ္ပဏီကြီးများဖြစ်ကြသော အမေရိက၏ Goodyear ၊ အိန္ဒိယ၏ MRF ၊ ဂျာမနီ၏ Continental နှင့် အီတလီ၏ Pirelli တို့၏ရှေ့၊ ပြင်သစ်၏ Michelin ၏နောက် ကမ္ဘာ့ဒုတိယအကြီးဆုံး တာယာထုတ်လုပ်သူဖြစ်လာခဲ့သည်။ ယခုခဲ့သို့ ပူးပေါင်းလုပ်ဆောင်ခြင်းအားရပ်ဆိုင်းခံလိုက်ရခြင်းသည် မြန်မာနိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုဟုလည်း တိတိကျကျဆိုနိုင်ပေသည်။

Author