အထွဋ်အထိပ်အသွင်နဲ့ မြင်တွေ့ရမယ့် Lexus NX 2022

0

Full article

လာမယ့် ဇွန်လ ၁၁ ရက်နေ့တွင် NX အသစ် စတင်ပွဲထွက်တော့မယ်။

Lexus ကတော့ သူတို့ရဲ့ ဒုတိယမျိုးဆက် NX ကိုမိတ်ဆက်ပေးဖို့ နီးကပ်လာပါပြီ။ ပုံထဲမှာတော့ မြင်ကြရတဲ့အတိုင်း ကမ္ဘာ့ခုနစ်ခုမြောက် အမြင့်ဆုံးတောင်ထိပ်နဲ့ တွဲလျက်ရိုက်ကူးထားပါတယ်။

အဲဒီပုံနဲ့ပတ်သက်ပြီး ကုမ္ပဏီကတော့ “Lexus ရဲ့အနာဂတ်ဟာ မိုးကုပ်စက်ဝိုင်း ပေါ်ကိုရောက်နေပါပြီ” လို့ဆိုလိုက်တာပါ။ ပုံအရဆိုရင် နည်းနည်းတော့ လွဲကောင်းလွဲပါလိမ့်မယ်။ ပုံထဲမှာ မိုးကုပ်စက်ဝိုင်းက အမြင့်ပေ ၁၂,၃၈၈ ရှိတဲ့ ဖူဂျီတောင်ကိုမြင်တွေ့ကြရမှာဖြစ်ပြီး ရှေ့မှာတော့ Lexus NX အသစ်ရဲ့ နောက်ပိုင်းလေးကို အရိပ်အမွတ်ဖြတ်မြင်ကြရမှာပါ။

NX တွေဟာ ၂၀၂၀ ခုနစ်အတွင်း Lexus ရဲ့ ဒုတိယရောင်းအကောင်းဆုံး ကားအမျိုးအစားဖြစ်ခဲ့တယ်။ အဲဒီ model နဲ့ အခု model မှာ အမြင်ပိုင်းအရ ထင်ထင်ရှားရှားကွာခြားသွားမှာကတော့ ပုံမှာမြင်နေရတဲ့ ကန့်လန့်ဖြတ် အပြည့်ပါတဲ့ နောက်မီးတန်းပါပဲ။ ဒီမီးတန်းက တဖက်တချက်စီက နောက်မီးတွေကို ဆက်ထားပြီး မီးတန်းရဲ့အောက်မှာတော့ စာလုံးအကြီးနဲ့ LEXUS ဆိုတဲ့စာတန်း ပါရှိပါတယ်။ ၁၉၈၉ ထုတ် Lexus တွေရဲ့ နောက်ပိုင်းမှာ L ပုံစံ logo ပဲပါလေ့ရှိရာက အခုလို စာတန်းနဲ့ဖြစ်သွားတာ ဒါဟာပထမဆုံးပဲလို့ ပြောလို့ရတယ်။ Lexus ထုတ်ကုန်တွေထဲမှာ ရေပန်းအစားဆုံးဖြစ်တဲ့ RX မှာရော ဒီလိုအပြောင်းအလဲတွေမြင်တွေ့ရတော့မှာလားဆိုတာကတော့ Lexus ချစ်သူတွေအတွက် စိတ်ကူးယဉ်လို့ကောင်းတဲ့ မေးခွန်းတခုပါပဲ။

စိတ်ဝင်စားဖို့ကောင်းတာကော့ အခုထွက်လာတော့မယ့် NX အသစ်ဟာ ၂၀၁၄ တုန်းက စတင်မိတ်ဆက်ခဲ့ပြီး အခုရေပန်းစားနေတဲ့ model ထက်ဘယ်လောက်ကွဲထွက်လာမလဲဆိုတာပါ။ ပုန်ကန်တဲ့ အသွင်သဏ္ဍာန် အများကြီးရှိလာမယ်လို့တော့ မမျှော်လင့်ပါဘူး။ မြင်နေရတဲ့ crossover ရဲ့ ပုံရိပ်ကိုကြည့်ရင်လည်း အများကြီးပြောင်းသွားမယ့်ပုံမရှိဘူး။ အကြီးဆုံးအပြောင်းအလဲတွေက cabin ထဲမှာရှိနေဖို့ ပိုများတယ်။ သိတဲ့အတိုင်း နည်းပညာသစ်တွေကတော့ သေချာပေါက်ပါလာမှာပါပဲ။

Lexus ဟာ သူတို့ရဲ့ မျိုးဆက်သစ် NX ကို အခုလာမယ့် ဇွန် ၁၁ မှာ မိတ်ဆက်တော့မှာပါ။ သူတို့ညွှန်းဆိုထားတဲ့ websites တွေမှာ stream အနေနဲ့စောင့်ကြည့်လိုရပါတယ်။ မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ တကမ္ဘာလုံးကို ဖြန့်ချိသွားဖို့ရှိနေပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အခုအချိန် Lexus NX အသစ်အတွက် အသင့်ဖြစ်နေကြပါလိမ့်မယ်။

Ref: 2022 Lexus NX gives a peek with Japan's highest peak by Ronan Glon

Author