စက်တင်ဘာလ လကုန်ပိုင်းနှင့် Stay At Home ကာလအတွင်း YBS ယာဉ်များ၌ ခရီးသည်လိုက်ပါစီးနင်းမှုမှာ လွန်စွာကျဆင်းခဲ့

0

Full article

စက်တင်ဘာလ လကုန်ပိုင်းနှင့် Stay At Home ကာလအတွင်း YBS ယာဉ်များ၌ ခရီးသည်လိုက်ပါစီးနင်းမှုမှာ လွန်စွာကျဆင်းခဲ့ပြီး တစ်ရက်လျှင် ခရီးသည်ဦးရေ ပျဉ်းမျှတစ်သိန်းခွဲမှ ၈ သောင်းဝန်းကျင်ခန့်သို့ ကျဆင်းလာခဲ့ကြောင်း YRTA ၏ ထုတ်ပြန်ချက်များအရသိရသည်။


ယခင်က တစ်ရက်လျှင် ခရီးသည်ဦးရေ ၁.၈ သန်းခန့် နေ့စဉ်လိုက်ပါစီးနင်းခဲ့သော YBS ယာဉ်များသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းနှင့် ရန်ကုန်းတိုင်းဒေသကြီးအတွင်း Stay At Home ကာလအတွင်း၌ ခရီးသည် တစ်သိန်းခွဲဝန်းကျင်မှ ၈ သိန်းခန့်သို့ တစ်ဖြေးဖြေး ကျဆင်းလာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပါကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) ၏ ထုတ်ပြန်ချက်များအရသိရသည်။ COVID -19 ရောဂါ ပထမလှိုင်းတွင် ခရီးသည်ဦးရေကျဆင်းလာခဲ့ပြီးနောက် ကူးစက်ရောဂါပျံ့နှံ့မှု လျော့ပါးသွားချိန်တွင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ ပြန်လည်မြင့်တက်လာခဲ့ပြီး တစ်ရက်လျှင် ခရီးသည်ဦးရေ ၁.၁ သန်းခန့်သို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း COVID-19 ရောဂါ ဒုတိယလှိုင်း ပြန်လည်စတင်ချိန်တွင် ခရီးသည်ဦးရေ ပြန်လည်ကျဆင်းလာခဲ့ပြီး ယခုလက်ရှိတွင် တစ်ရက်လျှင် ခရီးသည်ဦးရေမှာ ၇ သောင်းမှ ၈ သောင်းဝန်ကျင်ခန့်သာရှိတော့ကြောင်း သိရသည်။ စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင်လိုက်ပါစီးနင်းသော ခရီးသည်ဦးရေမှာ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ခရီးသည်ဦးရေ ၁၇၀,၉၅၃ ဦး ၊ ၂၅ ရက်နေ့တွင် ၁၄၀,၀၄၆ ဦး၊ ၂၆ ရက်နေ့တွင် ၁၀၈,၈၈၉ ဦး၊ ၂၇ ရက်နေ့တွင် ၇၇,၀၁၅ ဦး၊ ၂၈ ရက်နေ့တွင် ၈၄,၅၄၅ ဦး၊ ၂၉ ရက်နေ့တွင် ၈၇,၄၆၁ ဦး၊ ၃၀ ရက်နေ့တွင် ၇၈,၆၈၉ ဦး အသီးသီးရှိခဲ့ကြောင်း YRTA ၏ ထုတ်ပြန်ချက်များမှတစ်ဆင့်သိရသည်။


လတ်တလောတွင် YRTA အနေဖြင့် ပြေးဆွဲလမ်းကြောင်းပေါင်း (၁၂၄ ) လိုင်းတွင် ယာဉ်စီးရေ ၉၀၀ ဝန်းကျင်ဖြင့် ပြေးဆွဲပေးနေပြီး နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်ကို ခရီးသည်လိုက်ပါစီးနင်းမှုအနေအထားအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေအရလည်း စီမံပြေးဆွဲလျက်ရှိကြောင်းသိရသည်။

Author