ရန်ကုန်တောင်ပိုင်းခရိုင်ရုံး နေရာပြောင်းရွှေ့ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ရေးဖြေလုပ်ငန်းများကို ရွာသာကြီး ကညန တွင်သာ ဆောင်ရွက်ပေးမည်

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး နေရာပြောင်းရွှေ့ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ရေးဖြေလုပ်ငန်းများကို ရွာသာကြီး ကညန တွင်သာ ဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရုံးအား ယခင်က သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှ ၁၈.၁၁.၂၀၂၀ ရက်နေ့မှစပြီး သန်လျင်မြို့၊ သီလဝါလမ်းမကြီးဘေး၊ ဘုရားကုန်းရပ်ကွက်၊ ဇာမဏီအနောက်ကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။ ထို့အပြင် ယာဉ်မောင်းလိုင်စင် ရေးဖြေလုပ်ငန်းများအား ယခင်က ရန်ကုန်တိုင်းဒေသကြီးရုံး၊ သံသုမာလမ်း (မြင်သာ)၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောင်ရွက်ခဲ့ရာမှ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ( ရွာသာကြီး) ရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရေးဖြေအဆောက်အဦ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပါသောကြောင့် ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပါက အဆိုပါ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) တွင်သာ ယာဉ်မောင်းလိုင်စင် ရေးဖြေနှင့် လက်တွေ့ဖြေဆိုစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

လက်ရှိတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကနဦး ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုသာ ပြန်လည်ဆောင်ရွက်ပေးလျက်ရှိပြီး၊ လိုင်စင်သက်တမ်းတိုးခြင်း စသည့်အခြားသော ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဝန်ဆောင်မှုပေးမည့်ရက်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

Author