ရန်ကုန် - စင်ကာပူ Relief Flight ခရီးစဉ်များအတွက် ဦးရာလူစနစ်ဖြင့် Register ပြုလုပ်သည့်ပုံစံအား Online Form ပုံစံပြောင်းလဲသွားမည်

0

Full article

မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) အနေဖြင့် သောကြာနေ့တိုင်းပြေးဆွဲပေးနေသော ရန်ကုန် - စင်ကာပူ Relief Flight ခရီးစဉ်များအတွက် ဦးရာလူစနစ်ဖြင့် Register ပြုလုပ်သည့်ပုံစံအား Online Form ပုံစံပြောင်းလဲသွားမည်ဖြစ်ကြောင်း MNA ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် သောကြာနေ့တိုင်းပြေးဆွဲပေးနေသော ရန်ကုန်-စင်ကာပူ ကယ်ဆယ်ရေးခရီးစဉ် (Relief Flight) များအတွက် အပတ်စဉ် တနင်္ဂနွေနေ့ နံနက် (၈း၃၀ ) တွင် လိုအပ်သော စာရွက်စာတမ်းများ စစ်ဆေးပြီး ဦးရာလူစနစ်ဖြင့် Register လက်ခံပေးလျက်ရှိပြီး လာမည့် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ကာ Register ပြုလုပ်သည့်ပုံစံအား Online Form ပုံစံပြောင်းလဲသွားမည်ဖြစ်ကြောင်းသိရသည်။ Online Register Form ဖြည့်စွက်ရာတွင် ဖြည့်စွက်ရမည့် အချိန်မှာ ၂၉-၁၁-၂၀၂၀ ရက်နေ့ နံနက်(၈း၃၀) နာရီတွင် ဦးရာလူစနစ်ဖြင့် စတင်ဖြည့်စွက်နိုင်မည်ဖြစ်ပြီး သတ်မှတ်ခရီးသည်ဦးရေပြည့်သည်နှင့် စာရင်းပိတ်သွားမည်ဖြစ်ကာ မဖြစ်မနေ ဖြည့်စွက်ရမည့် အချက်အလက်များမှာ နာမည်၊ Passport Number ၊ Phone Number ၊ Vaild Entry Approval ( Attached File တွဲရန် ) တို့ဖြစ်ကြောင်းသိရသည်။

အချက်အလက် မပြည့်စုံသူများအား Register စာရင်းတွင်ပါဝင်မည်မဟုတ်ကြောင်းနှင့် Online Register Form အား အလွယ်တကူ ဖြည့်စွက်နိုင်စေရန် ဆောင်ရွက်ပေးထားသည့်အတွက် သတ်မှတ်ချိန်တွင် စတင်ပြီး မည်သူမဆို ဦးရာလူစနစ်ဖြင့်လွယ်ကူစွာဝင်ရောက်ဖြည့်စွက်နိုင်ကြောင်း MNA မှ အသိပေးကြေညာထားပါသည်။

Online Register Form ဖြည့်စွက်ရမည့် Link ကို MNA ၏ Official website ဖြစ်သော https://www.flymna.com တွင် ဖော်ပြပေးထားမည်ဖြစ်ပြီး Register ပြုလုပ်သူများထဲတွင် အချက်အလက် မပြည့်စုံသူများ ပါရှိနိုင်သည့်အတွက် ထိုသို့ ပါရှိလာပါက လွတ်သွားသည့် နေရာလွတ်များ ထွက်ပါ်လာနိုင်သဖြင့် ၂၉-၁၁-၂၀၂၀ ရက်နေ့ နေ့လည် ၁ နာရီတွင် Form ထပ်ဖြည့်နိုင်ရန် ဖွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင် (MNA ) အနေဖြင့် relief flight များတွင် authorized agent မှတစ်ဆင့် ရောင်းချခြင်းမရှိကြောင်း သိရသည်။

Author