Yangon Payment Service (YPS) ကတ်ဖြင့်ငွေပေးချေစီးနင်းနိုင်မည့် ယာဉ်လိုင်းများ

0

Full article

Yangon Payment Service (YPS) ကတ်ဖြင့်ငွေပေးချေစီးနင်းနိုင်မည့် ယာဉ်လိုင်းများကို Yangon Payment Service မှ အသိပေးကြေညာထားပါသည်။


YPS ကတ်ဖြင့် ငွေပေးချေစီးနင်းနိုင်မည့် ယာဉ်လိုင်းများမှာ ယာဉ်လိုင်းနံပါတ် ၂ (ယုဇနဥယျာဉ်- အောင်မင်္ဂလာအဝေးပြေး)၊ ယာဉ်လိုင်းနံပါတ် ၃ (ယုဇနဥယျာဉ်- ဆူးလေ(သင်္ကန်းကျွန်း))၊ ယာဉ်လိုင်းနံပါတ်၃ (ယုဇနဥယျာဉ်- ဆူးလေ(သုဝဏ္ဏ)၊ ယာဉ်လိုင်းနံပါတ် ၄ (နှင်းဆီအိမ်ယာ-ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၇ (ရိုးမရိပ်သာ-ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၇ (ကားကြီးဂိတ်-ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၇ (နတ်စင်အကြော်တဲ- ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၇ (စက်မှုဇုန်အကြော်တဲ-ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၈ (ရိုးမရိပ်သာ-လသာ)၊ ယာဉ်လိုင်းနံပါတ် ၁၀ (ဒဂုံတက္ကသိုလ်-သာကေတ ကန်ကြီးထောင့်)၊ ယာဉ်လိုင်းနံပါတ် ၁၁ (အောင်မင်္ဂလာအဝေးပြေး-လသာ)၊ ယာဉ်လိုင်းနံပါတ် ၁၂ (အရှေ့ဒဂုံ-ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၁၄ (ပါရမီညောင်ပင်-သခင်မြပန်းခြံ)၊ ယာဉ်လိုင်းနံပါတ် ၂၄ (ဒဂုံတက္ကသိုလ်-ဗိုလ်တစ်ထောင်ဘုရား)၊ ယာဉ်လိုင်းနံပါတ် ၂၅ (ဒဂုံတက္ကသိုလ်-မင်္ဂလာဈေး)၊ ယာဉ်လိုင်းနံပါတ် ၂၈ (ဒဂုံတက္ကသိုလ် - ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၂၉ (ရွှေပေါက်ကံ-ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၃၀ (ဒဂုံတက္ကသိုလ် (သမိုင်း) - သခင်မြပန်းခြံ)၊ ယာဉ်လိုင်းနံပါတ် ၃၀ (ဒဂုံတက္ကသိုလ်(ပြည်လမ်း) - သခင်မြပန်းခြံ)၊ ယာဉ်လိုင်းနံပါတ် ၃၆ (အောင်မင်္ဂလာအဝေးပြေး-ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၃၆ (ထောက်ကြံ့ -ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၃၆ ( ရွှေပေါက်ကံ - ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၃၈ (ပါရမီညောင်ပင် - မင်္ဂလာဈေးသစ်)၊ ယာဉ်လိုင်းနံပါတ် ၄၀ (ရွှေပြည်သာ (လိန်ကုန်း)- သခင်မြပန်းခြံ)၊ ယာဉ်လိုင်းနံပါတ် ၄၃ (ဝါယာလက်-ဗိုလ်တစ်ထောင်ဘုရား)၊ ယာဉ်လိုင်းနံပါတ် ၅၈ (သခင်မြပန်းခြံ - သခင်မြပန်းခြံ(မြို့ပတ်)၊ ယာဉ်လိုင်းနံပါတ် ၅၉ (တောင်ဒဂုံ ၇၁ ရပ်ကွက်-နှင်းဆီကုန်း (ဗဟိုအမျိုးသမီးဆေးရုံ)၊ ယာဉ်လိုင်းနံပါတ် ၆၂ (ဒဂုံတက္ကသိုလ်-ကြည့်မြင်တိုင်)၊ ယာဉ်လိုင်းနံပါတ် ၆၅ (ရဲတပ်ရင်း(၆) (ရွှေပြည်သာ)-ဗိုလ်တထောင်ဘုရား၊ ယာဉ်လိုင်းနံပါတ် ၇၂ (ဧရာဝဏ် -ဆူးလေ )၊ ယာဉ်လိုင်းနံပါတ် ၈၇ (ဒဂုံတက္ကသိုလ် -ဆူးလေ)၊ ယာဉ်လိုင်းနံပါတ် ၈၈ (ဒဂုံတက္ကသိုလ်- ပြည်တော်သာ)၊ ယာဉ်လိုင်းနံပါတ် ၈၉ (ဧရာဝဏ်-ပန်းပင်ကြီး (မင်းနန္ဒ)၊ ယာဉ်လိုင်းနံပါတ် ၈၉ (ဧရာဝဏ်-ပန်းပင်ကြီး (မြင်တော်သာ)၊ ယာဉ်လိုင်းနံပါတ် ၉၆ (လှော်ကားတာဆုံ - သာကေတ)ယာဉ်လိုင်းများဖြစ်ကြောင်းသိရသည်။


Yangon Payment Service (YPS) ကတ်ဖြင့် ငွေပေးချေစီးနင်းမှုကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် YBPC ကုမ္ပဏီမှ ယာဉ်လိုင်း ၇ လိုင်းနှင့် ဗန္ဓုလကုမ္ပဏီမှ ယာဉ်လိုင်း ၆ လိုင်းဖြင့်စတင်ခဲ့ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် ကတ်ဖြင့်ငွေပေးချေစီးနင်းနိုင်မည့် ယာဉ်လိုင်းများတိုးချဲ့ခဲ့ကြောင်းသိရသည်။

Author