ရန်ကုန်(ပန်းဆိုးတန်း) - ဒလ ပြေးဆွဲနေသော ကူးတို့ရေယာဉ်ပြေးဆွဲမှု အခေါက်ရေကို လျှော့ချပြေးဆွဲသွားမည်

0

Full article

ရန်ကုန်(ပန်းဆိုးတန်း) - ဒလ ပြေးဆွဲနေသော ကူးတို့ရေယာဉ်ပြေးဆွဲမှု အခေါက်ရေကို လျှော့ချပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးထံမှသိရသည်။


လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရေးနှင့် ခရီးသည် သွားလာမှု နည်းပါလာခြင်းတို့ကြောင့် ရန်ကုန်(ပန်းဆိုးတန်း) - ဒလ ကူးတို့ရေယာဉ်များပြေးဆွဲမှုကို လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ အခေါက်ရေလျှော့ချပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ ယခင်က တစ်ရက်လျှင် အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် ရန်ကုန်(ပန်းဆိုးတန်း) - ဒလ သို့ ချယ်ရီကူးတို့ရေယာဉ် ၃ စင်းဖြင့် ပြေးဆွဲပေးခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ဒလမှ ဧရာဝတီတိုင်းသို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများကို သွားလာခွင့်ပိတ်ထားသည့်အတွက် ခရီးသည်သွားလာမှုလည်း ကျဆင်းလာသည့်အတွက် ကူးတို့ရေယာဉ်ပြေးဆွဲမှုအခေါက်ရေကို ယခင်ထက် ၁၆ ခေါက်လျှော့ချကာ တစ်ရက်လျှင် အသွား ၃၀ ခေါက်၊ အပြန် ၃၀ ခေါက်သာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ထံမှသိရသည်။


ယခုအခါ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုနှုန်းမှာ များပြားလာခြင်းကြောင့် ရန်ကုန်တိုင်းအတွင်း Stay At Home မြို့နယ်ပေါင်း ၄၄ မြို့နယ်အထိရှိလာပြီဖြစ်ပြီး တိုင်းဒေသကြီးပြင်ပသို့ ကျန်းမာရေးနှင့် အရေးကြီးသော ကိစ္စရပ်များမှာအပ ခရီးသွားလာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့အထိ တားမြစ်ထားကြောင်းသိရသည်။

Author