ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံးကို သတ်မှတ်ဖြတ်သန်းခပေးဆောင်စေကာ ဖြတ်သန်းခွင့်ပြုသွားမည်

0

Full article

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံးကို သတ်မှတ်ဖြတ်သန်းခပေးဆောင်စေကာ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။


COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ မြို့ထွက်ကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံးကို သတ်မှတ်ဖြတ်သန်းခပေးဆောင်စေကာ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။ ထိုသို့ဖြတ်သန်းရာတွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးကြီးကြပ်မှုကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ သတ်မှတ်အမြန်နှုန်းထားထက် ကျော်လွန်မောင်းနှင်ခွင့်မပြုပဲ သတ်မှတ်အမြန်နှုန်းထားများမှာ ကိုယ်ပိုင်ယာဉ်ငယ်များ 100 km/h ၊ ခရီးသည်တင် Bus ကားများ 80 km/h ၊ Light Truck ယာဉ်များ 60 km/h ၊ ကုန်တင်ယာဉ်များအားလုံးကို 60 km/h ဟုသတ်မှတ်ထားကြောင်းသိရသည်။ ထို့အပြင် ကုန်တင်ယာဉ်များအားလုံးသည် လက်ယာဘက် ယာဉ်ကြောမှသာ မောင်းနှင်ရမည်ဖြစ်ပြီး Rest Camp များတွင် ရပ်နားမည်ဆိုပါက လမ်းမကြီးဘေးတွင် ကြုံသလို ရပ်နားပြီး ကျူးကျော်ဆိုင်များတွင် စားသောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ပဲ အကယ်၍ ထိုသို့ ရပ်နားခြင်းကို စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့် မပြုတော့ကြောင်း အသိပေးထားသည့်အပြင် ကုန်တင်ယာဉ်များအနေဖြင့် သတ်မှတ်တန်ချိန်ထက် ပိုမို တင်ဆောင်ခြင်းကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။


ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ကုန်တင်ယာဉ်များအားလုံးကို သတ်မှတ်ဖြတ်သန်းခပေးဆောင်စေကာ ဖြတ်သန်းခွင့်ပြုခြင်းကို အောက်တိုဘာလ ၅ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

Author