လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ နောက်တွဲယာဉ်များနှင့် သုံးဘီးမော်တော်ယာဉ်များ ပြည်ပမှတင်သွင်းခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များထုတ်ပြန်

0

Full article

လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ နောက်တွဲယာဉ်များနှင့် သုံးဘီးမော်တော်ယာဉ်များ ပြည်ပမှတင်သွင်းခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

Delivery Van များတင်သွင်းရာတွင် လိုက်နာရမည့်အချက်များမှာ မူလထုတ်လုပ်သူ၏ ဒီဇိုင်းပါ စံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း တိကျမှန်ကန်မှုရှိသည့် Original Panel Van ( Delivery Van) ဖြစ်ရမည်။ ပြုပြင်ပြောင်းလဲထားခြင်းမရှိပဲ မူလ စက်ရုံထုတ် ယာဉ်အတိုင်းဖြစ်ရမည်။ မူလစက်ရုံ၏ Vin Code, Model Code သတ်မှတ်ချက်များအတိုင်းဖြစ်ရမည် ဟုပါရှိသည်။
Mini Bus များတင်သွင်းမှုအတွက် သတ်မှတ်ချက်များမှာ အင်ဂျင်အရွယ်အစား 2,000 CC နှင့်အထက်ဖြစ်ရမည်။ အနိမ့်ဆုံး အတိုင်းအတာမှာ အလျား ၄၉၉၅ မီလီမီတာ၊ အနံ ၁၆၉၀ မီလီမီတာ ၊ အမြင့် ၂၂၈၅ မီလီမီတာ ဖြစ်ရမည်။ ထိုင်ခုံအရေအတွက်မှာ  ၁၀ ယောက်စီးမှ ၁၂ ယောက်စီးဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်းသိရသည်။


လုပ်ငန်းသုံးယာဉ်နှင့် နောက်တွဲယာဉ်များ တင်သွင်းခြင်းအတွက် သတ်မှတ်ချက်များမှာ နောက်တွဲမပါရှိသည့် ဝန်တင်ယာဉ် (Rigid Vehicle) သည် အလျား ၁၂,၂၀၀ မီလီမီတာ၊ အနံ ၂၅၀၀ မီလီမီတာ၊ အမြင့် မှာ သာမာန်ယာဉ်အတွက် ၃.၆၆ မီတာ ဟုသတ်မှတ်ထားပြီး ကွန်တိန်နာယာဉ်အတွက် ၄.၂ မီတာ သတ်မှတ်ထားသည်။ ခေါင်းတွဲ + ချိတ်ဆွဲသည့် နောက်တွဲယာဉ်များ ( Articulated Vehicle) ၏ စုစုပေါင်း အလျား (Tractor Head + Trailer ) ၁၆,၀၀၀ မီလီမီတာ ဖြစ်ရမည်။  တန်သတ်မှတ်ချက်များအနေဖြင့် ကုန်တင်ယာဉ် (၆ ) ဘီးကား၊ ဝင်ရိုး ၂ ခု ၅.၅ တန် (အလျား ၁၅ ပေအထက်)၊  ကုန်တင်ယာဉ်ကြီး ၆ ဘီးကား (ဝင်ရိုး ၂ ခု) ၁၅ တန်၊ ၈ ဘီးကား (ဝင်ရိုး ၃ ခု) ၁၉ တန်၊ ၁၀ ဘီးကား (ဝင်ရိုး ၃ ခု) ၂၁ တန်၊ ၁၂ ဘီးကား (ဝင်ရိုး ၄ ခု ) ၂၅ တန်၊ ၁၄ ဘီးကား (ဝင်ရိုး ၄ ခု) ၂၉ တန်၊ ၁၄ ဘီး တွဲကား (ဝင်ရိုး ၄ ခု) ၃၃ တန်၊ ၁၈ ဘီးတွဲကား (ဝင်ရိုး ၅ ခု) ၄၁ တန်၊ ၂၂ ဘီးတွဲကား (ဝင်ရိုး ၆ ခု ) ၄၈ တန် ဟု သတ်မှတ်ထားသည်။

သုံးဘီးမော်တော်ယာဉ်များ ( Three Wheels Vehicle) များတင်သွင်းရာတွင်သတ်မှတ်ချက်များမှာ အင်ဂျင်အရွယ်အစား (Engine Power)  (Max) 450 CC ၊ ဒီဇယ်အင်ဂျင်ဖြစ်ပါက ( 1 Cylinder)၊ ယာဉ်၏အလျားမှာ (Max) ၄၂၅၀ မီလီမီတာ (၁၃.၉ ပေ)၊ အနံ (Max) ၁၅၀၀ မီလီမီတာ (၄.၉ ပေ) ၊ အမြင့် (Max) ၂၀၀၀ မီလီမီတာ (၆.၅ ပေ) ၊ ဝန်တင်အား (Max) မှာ သုံးဘီးမော်တော်ဆိုင်ကယ်ဆိုပါက ၅၀၀ ကီလိုဂရမ်၊ လူစီးသုံးဘီးယာဉ်ဆိုပါက ယာဉ်မောင်းသူအပါအဝင် ၅ ယောက်စီးဖြစ်ရမည်။ ဝန်ရိုးအရေအတွက် ၂ ခုနှင့် ဝင်ရိုးခံနိုင်ရည်မှာ ၁၀၀၀ ကီလိုဂရမ်နှင့် တာယာအရွယ်အစားမှာ (Max) ၅.၀၀ - ၁၂ ဖြစ်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

Author