ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထား ခရီးစဉ်အား လာမည့် ဩဂုတ်လ ၂၂ ရက်နေ့မှ စတင်ပြေးဆွဲသွားမည်

0

Full article

ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထား ခရီးစဉ်အား လာမည့် ဩဂုတ်လ ၂၂ ရက်နေ့မှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထားတွင် အလယ်တန်း ထိုင်ခုံ (၄) တွဲနှင့် ရိုးရိုးတန်းထိုင်ခုံ (၅) တွဲ ဖြင့်ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသည့် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Social Distancing အရ ထိုင်ခုံနေရာများအား၊ နေရာခြားကာ ရောင်းချရန်လည်း စီစဉ်ထားကြောင်းသိရသည်။ ကြားဘူတာများအဖြစ် ပဲခူးဘူတာ၊ ကျိုက်ထိုဘူတာ၊ တောင်စွန်းဘူတာ၊ သထုံဘူတာ နှင့် ပေါင်ဘူတာတို့တွင် ကြားဘူတာအဖြစ် ရပ်တန့်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထား၏ စီးနင်းခများမှာ ရန်ကုန်မှ မော်လမြိုင်ထိ ခရီးစဉ်အတွက် ရိုးရိုးတန်း လက်မှတ်ခ ကျပ် ၄,၀၀၀ နှင့် အထက်တန်း လက်မှတ်ခ ကျပ် ၈,၀၀၀ ကျသင့်မည်ဖြစ်ကာ ရန်ကုန်ဘူတာကြီးမှ ည ၈နာရီစတင်ထွက်ခွာမည်ဖြစ်ကာ မော်လမြိုင်သို့ နောက်တစ်နေ့မနက် ၅ နာရီ ၁၅ မိနစ်တွင်ရောက်ရှိမည်ဖြစ်ပြီး မော်လမြိုင်မှ အစုန်ရထားသည် ည ၉ နာရီတွင်စတင်ထွင်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့မနက် ၆ နာရီတွင်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ယခုပြေးဆွဲသော လေအိတ်အမြန်ရထားခရီးစဉ်သည် ခရီးစဉ်အသစ်ဖြစ်ပြီး လက်ရှိပြေးဆွဲနေသည့် အမှတ် ၈၁ အဆန်နှင့် ၈၂ အစုန် ရထားခရီးစဉ်များကို ပြေးဆွဲချိန်ပြောင်းလဲပြေးဆွဲမည်ဖြစ်ပြီး အမှတ်၈၁ အစုန်ရထားကို ယခင်ထွက်ခွာချိန် ည ၈ နာရီ ၁၅ မိနစ်မှ ညနေ ၆ နာရီသို့ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Author