ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၁၁.၉ ၂၀၂၀ ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၁၁.၉ ၂၀၂၀ ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။


လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ချက်အရ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး (ရန်ကုန်) ၊ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး တို့တွင် ဝန်ဆောင်မှုပေးလျက်ရှိသော မော်တော်ယာဉ်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို ၁၁.၉.၂၀၂၀ ရက်နေ့ (သောကြာနေ့) မှစတင်ကာ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါနှင့်ပတ်သက်ပြီး အခြေအနေများတည်ငြိမ်မှသာ ဝန်ဆောင်မှုလုပ်ငန်းများကို ပုံမှန်ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ပြန်လည်ဖွင့်လှစ်မည့်ရက်အား ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

Author