မနီလာ - ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်အား လာမည့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြေးဆွဲပေးသွားမည်

0

Full article

မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) သည် မနီလာ - ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်အား လာမည့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။


ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားအား နေရပ်ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မနီလာ-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ် (Manila – Yangon Relief Flight) အား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ အဆိုပါ ကယ်ဆယ်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသော ခရီးစဉ်စာရင်းအတိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ဈေးနှုန်းများမှာ Economy Class: $320 ( Baggage Allowance 30 kg & Hand Carry Allowance 7 Kg ) , Business Class : $450 ( Baggage Allowance 40 Kg & Hand Carry Allowance 7 Kg ) အသီးသီး ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ လေယာဉ်လက်မှတ်များအတွက် ငွေပေးချေမှုပြုလုပ်ရာတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Website မှတစ်ဆင့် Credit Card ဖြင့်လည်းကောင်း၊ ဘဏ်မှတစ်ဆင့်ငွေချေခြင်းဖြင့်လည်းကောင်း၊ ငွေသားဖြင့်ပေးချေခြင်းဖြင့်လည်းကောင်း၊ ကြိုတင်မဝယ်ယူနိုင်သည့်ခရီးသည်များအနေဖြင့် MNA Check in Counter တွင် USD ဖြင့်ပေးချေပြီးဝယ်ယူခြင်းဖြင့်လည်းကောင်း လေယာဉ်လက်မှတ်ခများကို ပေးချေနိုင်ကြောင်း MNA မှအသိပေးထုတ်ပြန်ထားပါသည်။ သတိပြုရန်အချက်အနေဖြင့် ၂၀ - ၃၄ ပတ် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ခရီးစဉ်မတိုင်မီ (၇) ရက်အတွင်ရယူထားသော Fit to Travel ဆေးမှတ်တမ်း ယူဆောင်လာပေးရန်လိုအပ်မည်ဖြစ်ကြောင်းသိရသည်။


မနီလာ - ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်တွင် လေယာဉ်ထွက်ခွာချိန်မှာ ၁၅း၀၀ နာရီဖြစ်ပြီး ဆိုက်ရောက်ချိန်မှာ ၁၇ နာရီ ၁၀ မိနစ်ဖြစ်ကြောင်း သိရသည်။

Author