Toyota Motor Corporation မှ ၁၄ ကြိမ်မြောက် (၂၀၂၁) တိုယိုတာ စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ Toyota Motor Corporationအနေဖြင့် စိတ်ကူးအိပ်မက်ကားအနုပညာ ပြိုင်ပွဲသည် ကမ္ဘာ့အနှံ့ရှိ အသက် (၁၅) နှစ်နှင့် (၁၅) နှစ်အောက် ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပုံဆွဲပြိုင်ပွဲကို ဒီဇင်ဘာ ၅ရက်နေ့ကနေ ဇန်နဝါရီလ ၂၅ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ကလေးငယ်များအနေဖြင့် ၎င်းတို့၏ စိတ်ကူးအိပ်မက်ကားများကို ရုပ်ပုံရေးဆွဲခြင်းဖြင့် အနာဂတ်ရွေ့လျားသွား လာမှုဆိုင်ရာ ၎င်းတို့၏ အတွေးအမြင်များကို မျှဝေနိုင်ရန်အတွက် ကမ္ဘာအရပ်ရပ်မှ ကလေးငယ်များအား ဖိတ်ကြားခဲ့သလို ဒီပြိုင်ပွဲဟာ ၂၀၀၄ ခုနှစ်မှ စတင်၍ စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲအား Toyota Motor Corporation ၏ လူမှုအကျိုးပြုကနဦးဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် နိုင်ငံပေါင်း ၈၀ ကျော်မှ ဤပြိုင်ပွဲကို ပါဝင်နေပြီဖြစ်ကာ မြန်မာနိုင်ငံ၌ မနှစ်က ကျင်းပပြုလုပ်ခဲ့သည့်ပြိုင်ပွဲတွင် ပန်းချီကားပေါင်း ၃,၇၀၀ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ဒီပြိုင်ပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်များအပေါ် တီထွင်ဖန်တီးနိုင်စွမ်းအား လှုံ့ဆော်ပေးရန်နှင့် ၎င်းတို့၏ ကားများအပေါ် စိတ်ပါဝင်စားမှုအား တိုက်တွန်းအားပေးရန်ဖြစ်သည်ဟု Toyota Motor Corporation က ဆိုခဲ့သည်။ ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်ကတော့ “သင့်စိတ်ကူးအိပ်မက်ကား” ဖြစ်ပြီး ပြိုင်ပွဲဝင်ချင်သူ ကလေးငယ်တွေရဲ့ အသက်အရွယ်အပိုင်းအခြားကတော့ (၁) အသက် ၇နှစ်နှင့် ၇နှစ်အောက်၊ (၂) အသက် ၈နှစ်မှ ၁၁နှစ်၊ (၃) အသက် ၁၂နှစ်မှ ၁၅နှစ်အထိ ဆိုပြီး ပိုင်းခြားထားကာ အသက် ၁၅နှစ်နှင့် ၁၅ အောက် ကလေးငယ်တိုင်း ပါဝင်လျှောက်ထားနိုင်သည်ဟု သိရသည်။
အနုပညာလက်ရာသတ်မှတ်ချက်များမှာ စာရွက်အရွယ်အစား-၂၇၀-၃၀၀ မီလီမီတာ (၁၁-၁၂လက်မ) x ၄၂၀-၄၅၀ မီလီမီတာ (၁၆.၅ - ၁၈ လက်မ) အတွင်း အရွယ်အစားသည် A3 (သို့) သတင်းစာ အရွယ်အစားနှင့် တူညီရမည်။ အနုပညာလက်ရာ လိုအပ်ချက်များမှာ နောက်ခံမြင်ကွင်း၊ ရှုခင်းများနှင့်အတူ လက်ဖြင့် ရေးဆွဲထားသော ကားပုံ ရောင်စုံအနုပညာလက်ရာ (အနုပညာလက်ရာသည် ကားပုံတစ်ခုထဲသာ ဆွဲထားခြင်းမဟုတ်ဘဲ နောက်ခံရှုခင်းများလည်း ပါဝင်ရပါမည်) ဖြစ်သည်။ ပန်းချီဆေးအမျိုးအစားကတော့ မည်သည့်ပုံမှန်ဆေးမဆို (ဥပမာ-ရေဆေး၊ ရောင်စုံဆော့ပင်၊ ရောင်စုံခဲတံအစရှိသည်တို့ အပါအဝင် မည်သည့်ပန်းချီဆေးမဆို)အသုံးပြုခွင့်ရှိပြီး Digital စနစ်ဖြင့် ဖန်တီးထားသော အနုပညာလက်ရာများအား လက်ခံမည်မဟုတ်ဟု သိရသည်။
ယခုနှစ်ပြိုင်ပွဲတွင် ဆုကြေးများအနေဖြင့် အသက်အပိုင်းအခြား (၃မျိုး)၏ တစ်မျိုးစီမှ အတော်ဆုံးအနိုင်ရရှိသူ သုံးဦးစီအား ဆုချီးမြှင့်သွားမည်ဖြစ်ကာ Grand Prize ဆုရရှိသည့် ပြိုင်ပွဲဝင်သည် Apple iPad 8 128GB (4G) ကို ဆွတ်ခူးနိုင်မှာဖြစ်ပြီး တခြားစိတ်ဝင်စားစရာကောင်းသော ဆုများကိုလည်း ချီးမြှင့်ပေးသွားမည်ဟု သိရသည်။
ဒိုင်လူကြီးများအဖြစ် Toyota Myanmar Sales ၊ Toyota Myanmar Co., Ltd. ၊ Toyota Aye & Sons Co., Ltd. ၊ Toyota Mingalar Motor Co.,Ltd ၊ Toyota GW Lion Co.,Ltd ၊ Toyota Taw Win ၊ Mr. Zay Yar Aye (Artist) တို့မှ ဆောင်ရွက်သွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်ခွင့်ဖောင်နှင့် အနုပညာလက်ရာအား online မှ Google Form (သို့) QR Code မှတဆင့် ပေးပို့နိုင်မှာ ဖြစ်ပြီး အောက်ပါ တိုယိုတာရဲ့ အရောင်းပြခန်းများတွင်လည်း လာရောက်တင်သွင်းနိုင်ပါသည်။

Yangon
Dealer: Toyota Aye and Sons
Address: 87(A), Kaba Aye Pagoda Road, Bahan Township, Shwegondine P.O 11201, Yangon
Telephone: (01) 400 950, (01) 502 206
Website: http://toyota-ayeandsons.com
Dealer: Toyota Mingalar
Address: No.6, Bayint Naung Road, Ward (2), Hlaing Township, Yangon
Telephone: (01) 514 940, (01) 514 941
Website: http://www.mgmtoyota.com
Dealer: Toyota Taw Win
Address: No.68, Taw Win Road, 9 Mile, Mayangon Township, Yangon, Myanmar
Telephone: (09) 770552000
Facebook: https://www.facebook.com/toyotatawwin
Mandalay
Dealer: Toyota GW Lion
Address: Block [542], Upine – 10/339, Mandalay-Pyin Oo Lwin Road, Between 37th & 39th Street, Aung Pin Lae Quarter, Pathein Gyi T/S, Mandalay Division
Telephone: (09) 969 700 001 – 3
Facebook: http://toyota.gw-lion.com
Lashio
Dealer: Toyota GW Lion
Address: No.(L/16/157), Quarter (12), Region (16), Mandalay – Muse Pyi Htaung Su Road, Near Kho
Loung Traffic Light, Lashio.
Telephone: (09) 899944419
Website: https://toyota.gw-lion.com/en
Taunggyi
Dealer: Toyota Mingalar (Opening Soon)
Address: Pa / 2, Bo Gyoke Aung San Road, Pyi Taw Thar Ward, Taunggyi.
Telephone: (09) 407799993
Website: http://www.mgmtoyota.com
ပြိုင်ပွဲအကြောင်းအသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါတို့တွင် ဝင်ရောက်လေ့လာနိုင် ပါသည်။
Website: http://mm.toyota-myanmar.com/sp-dcac-mm
Facebook: https://www.facebook.com/ToyotaMyanmar/