Suzuki Myint Myat Maung ၏ Road Show ပွဲ Myanmar Plaza တွင် ယနေ့နှင့် မနက်ဖြန် နှစ်ရက်တိုင်တိုင်ကျင်းပသွားမည်

0

Full article

Suzuki Myint Myat Maung ၏ Suzuki Brand new ကားများကို အထူးအစီအစဉ်များဖြင့်ရောင်းချမည့် Road Show ပွဲကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့ Myanmar Plaza တွင် ကျင်းပသွားမည်ဖြစ်သည်။


Suzuki Myint Myat Maung ၏ Road Show ပွဲတွင် Brand New Suzuki ကားများဖြစ်သော Ciaz, Swift (GL), Swift (GLX) နှင့် Ertiga တို့ကိုအထူးပရိုမိုးရှင်းများဖြင့် ရောင်းချသွားမည်ဖြစ်သည်။ Suzuki Ciaz, Swift (GL) နှင့် Swift (GLX) အမျိုးအစားတို့ကို ဝယ်ယူမည်ဆိုပါက ၅ သိန်းဖိုး ဆီဖြည့်နိုင်မည့်အခွင့်အရေး၊ AYA Bank နှင့်ချိတ်ဆက်ပြီးဝယ်ယူမည်ဆိုပါက 1 year insurance free ရရှိနိုင်ခြင်း၊ 10 % Down payment ဖြင့်ဝယ်ယူနိုင်ခြင်းတို့အပြင် လက်ဆောင်ပစ္စည်းများလည်းရရှိနိုင်မည့်အခွင့်အရေးများ စသည့် အထူးအစီအစီများဖြင့် ရောင်းချသွားမည်ဖြစ်သည်။ အဆိုပါ Road Show ပွဲ၏ ထူးခြားသောအစီအစဉ်တစ်ရပ်အနေဖြင့် ၂၁.၈.၂၀၂၀ ရက်နေ့( သောကြာနေ့) ည ၇ နာရီ ၃၀ မိနစ်တွင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူကိုယ်တိုင် Suzuki Brand New ကားများကို Aye Myat Thu Facebook page နှင့် Suzuki Myint Myat Maung Facebook Page တို့မှ တိုက်ရိုက် Live လွှင့်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Brand New Suzuki ကားများကို စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ Myanmar Plaza တွင် ၂၁.၈.၂၀၂၀ ရက်နေ့နှင့် ၂၂.၈.၂၀၂၀ ရက်နေ့များတွင် ကျင်းပသွားမည့် Suzuki Myint Myat Maung ၏ Road Show ပွဲတွင်  မနက်၉ နာရီမှ ည ၉နာရီအတွင်း စိတ်တိုင်းကျ သွားရောက်လေ့လာဝယ်ယူနိုင်မည်ဖြစ်သည်။

Author