၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနေ့တွင် ရန်ကုန်မြို့အတွင်းရှိ လမ်းအချို့ကို ခေတ္တပိတ်သွားမည်

0

Full article

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့တွင် ရန်ကုန်မြို့အတွင်းရှိ လမ်းအချို့ကို ခေတ္တပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနိုးဆော်ထားပါသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်အတွင်းရှိ၊ သတ်မှတ်မဲရုံ နေရာများမှ ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သယ်ယူပို့ဆောင်ရာတွင် ကမ်းနားလမ်း (ကွန်ကရစ်လမ်းမကြီး) အား ဖြတ်သန်းအသုံးပြုသွားမည်ဖြစ်သောကြောင့် ၈-၁၁- ၂၀၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်မှ ၉-၁၁-၂၀၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်အထိ ကမ်းနားလမ်း ( ကွန်ကရစ်လမ်းမကြီး) အား အနောက်ဘက်ကွန်ကရစ်လမ်းမကြီးနှင့် ကြည့်မြင်တိုင်ကမ်းနားလမ်းဆုံမှ အရှေ့ဘက် ပန်းဆိုးတန်းလမ်းဆုံကြားတွင် ခေတ္တ လမ်းပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးကြေညာထားပါသည်။

ထို့ကြောင့် အထက်ဖော်ပြပါ နေ့ရက်နှင့် အချိန်အတွင်း အဆိုပါလမ်းအား အသုံးပြုပြီး ယာဉ်မောင်းနှင်သွားလာမည့်သူများအနေဖြင့် ခေတ္တလမ်းပိတ်ထားစဉ်ကာလအတွင်း အခြားသင့်လျော်သော လမ်းများမှ မောင်းနှင်သွားလာကြပါရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆောင်ထားပါသည်။

Author