မြန်မာ့မီးရထား၏ ရထားခရီးစဉ်အချို့ပြေးဆွဲမှုကို ယာယီလျှော့ချသွားမည်ဖြစ်ပြီး၊ လူစီးရထားပြေးဆွဲမှုများကို ယာယီရပ်နားသွားမည်

0

Full article

မြန်မာ့မီးရထား၏ ရထားခရီးစဉ်အချို့ပြေးဆွဲမှုကို ယာယီလျှော့ချသွားမည်ဖြစ်ပြီး၊ လူစီးရထားပြေးဆွဲမှုများကို ယာယီရပ်နားသွားမည်ဖြစ်ကြောင်းမြန်မာ့မီးရထား၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။


လက်ရှိဖြစ်ပွားနေသည့် COVID -19 ရောဂါ ထိန်းချုပ်ကာကွယ် တားဆီးရေးအတွက် လက်ရှိပြေးဆွဲနေသော ရထားခရီးစဉ်များအနက် အချို့ခရီးစဉ်ပြေးဆွဲမှုများကိုသာ ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ပြီး၊ အခြားပြေးဆွဲမှုများကို ယာယီရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ ဆက်လက်ပြေးဆွဲသွားမည့် ရထားခရီးစဉ်များမှာ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမှတ် ၃ အဆန်နှင့် အမှတ် ၄ အစုန်ရထား၊ မန္တလေး - မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ် ၄၁ အဆန်နှင့် အမှတ် ၄၂ အစုန်ရထား၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အမှတ် ၆၃ အဆန် နှင့် အမှတ် ၆၄ အစုန် ရထား၊ ပုသိမ်-ကြံခင်း လမ်းပိုင်းတွင် အမှတ် ၁၈၅ အဆန်နှင့် အမှတ် ၁၈၆ အစုန် ရထား၊ မန္တလေး - လားရှိုး လမ်းပိုင်းတွင် အမှတ် ၁၃၁ အဆန်နှင့် ၁၃၂ အစုန် ရထားတို့ကိုသာ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ကျန်လူစီးရထားများပြေးဆွဲမှုကို ယာယီရပ်နားသွားမည်ဖြစ်ကြောင်းသိရသည်။ လူစီးရထားများပြေးဆွဲမှုကို ယာယီရပ်နားထားသော်လည်း ပါဆယ်ရထားများနှင့် ကုန်ရထားများမှာမူ ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။


ရန်ကုန်မြို့ပတ်ရထားများဖြစ်သော ဃ-တ-ထ နှင့် ဂဂ ရထားများပြေးဆွဲမှုကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ကတည်းက ပြေးဆွဲမှုကို ယာယီရပ်နားထားကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

Author