ဩဂုတ်လ ဒုတိယပတ်အတွင်း YBS ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါစီးနင်းမှုမှာ တစ်ရက်လျှင် ၁.၁ သန်းခန့်သို့ ပြန်လည်ရောက်ရှိလာ

0

Full article

ဩဂုတ်လ ဒုတိယပတ်အတွင်း YBS ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါစီးနင်းမှုမှာ တစ်ရက်လျှင် ၁.၁ သန်းခန့်သို့ ပြန်လည်ရောက်ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ထုတ်ပြန်ချက်များအရသိရသည်။


ပြီးခဲ့သည့် COVID -19 ကာလအတွင်း၌ YBS ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါစီးနင်းမှု လွန်စွာကျဆင်းခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လနှင့် ယခု ဩဂုတ်လများတွင် ခရီးသည်လိုက်ပါစီးနင်းမှု ပြန်လည်မြင့်တက်လာခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်တွင် လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေသည်တစ်ရက်လျှင် ပျဉ်းမျှ ၁.၁ သန်း ခန့်သို့ပြန်လည်ရောက်ရှိလာကြောင်း YRTA ၏ ထုတ်ပြန်ချက်များအရသိရသည်။ ဩဂုတ်လ ၆ ရက်နေ့တွင် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်ဦးရေသည် ၁,၁၂၈,၃၆၄ ဦး ၊ ၇ ရက်နေ့တွင် ၁,၁၁၇,၄၈၇ ဦး ၊ ၈ ရက်နေ့တွင် ၁,၀၉၃,၉၀၆ ဦး ၊ ၉ ရက်နေ့တွင် ၁,၀၇၉,၄၈၅ ဦး ၊ ၁၀ ရက်နေ့တွင်၁,၁၂၃,၉၁၃ ဦး ၊ ၁၁ ရက်နေ့တွင် ၁,၁၆၀,၈၇၇ ဦး၊ ၁၂ ရက်နေ့တွင် ၁,၁၄၅,၆၆၂ ဦး အသီးသီးရှိခဲ့ကြောင်းသိရသည်။ ပြေးဆွဲခဲ့သည့် ယာဉ်စီးရေများမှာ ဩဂုတ်လ ၆ ရက်နေ့တွင် ယာဉ်စီးရေ ၃,၉၃၉ စီး၊ ၇ ရက်နေ့တွင် ၃,၉၂၃ စီး ၊ ၈ ရက်နေ့တွင် ၃,၈၆၉ စီး၊ ၉ ရက်နေ့တွင် ၃,၈၃၂ စီး၊ ၁၀ ရက်နေ့တွင် ၃,၉၅၂ စီး၊ ၁၁ ရက်နေ့တွင် ၃,၉၈၉ စီး၊ ၁၂ ရက်နေ့တွင် ၃,၉၆၈ စီး တို့ အသီးသီး ပြေးဆွဲခဲ့ကြောင်းသိရသည်။ YRTA အနေဖြင့် နေ့စဉ်ပြေးဆွဲနေသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်အစီးရေမှာ နေ့စဉ်စီးနင်းသည့် ခရီးသည်အရေအတွက်နှင့် ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရ စီမံပြေးဆွဲလျက်ရှိသည်။


ယခင်က YBS ယာဉ်လိုင်းများအနေဖြင့် နေ့စဉ် ယာဉ်စီးရေ ၄,၃၀၀ ကျော်ဖြင့် ခရီးသည် ၁.၈ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Author