Suzuki Myanmar Motor Coporation ၏ Road Show ပွဲကို ရန်ကုန်မြို့ Makro Myanmar တွင် ကျင်းပလျက်ရှိ

0

Full article

Suzuki Myanmar Motor Corporation ၏ Road Show ပွဲကို ရန်ကုန်မြို့ Makro Myanmar တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ ကျင်းလျက်ရှိကြောင်းသိရသည်။

Suzuki MMC ၏ Road Show ပွဲတွင် Brand New Suzuki ကားသစ်များဖြစ်သော Swift GLX ၊ Ciaz နှင့် Ertiga တိုကို အထူးအစီအစဉ်များဖြင့် ပြသရောင်းချသွားမည်ဖြစ်သည်။ Brand New Suzuki ကားသစ်များကို Promotion ကာလအတွင်းဝယ်ယူမည်ဆိုပါက 10% Downpayment ၊ ၅ နှစ်အထိ အရစ်ကျစနစ်များဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် လက်ဆောင်ပစ္စည်းများ၊ ဆီဖြည့်ဘောင်ချာများ စသည့် csah back များကိုလည်းရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ Road Show တွင် Suzuki Carry ကိုဝယ်ယူမည်ဆိုပါက 20% Down Payment ၊ ၃နစ်အရစ်ကျစနစ်ဖြင့်လည်းဝယ်ယူနိုင်မည်ဖြစ်သည်။ ပြပွဲကာလအတွင်း Suzuki ကားသစ်များကို ကိုယ်တိုင်စမ်းသပ်မောင်းနှင်နိုင်မည့်အပြင် COVID-19 Relife Promotion များကို Show Room အထိ လာဝယ်စရာမလိုပဲ အဆိုပါ Road Show တွင်ဝယ်ယူယုံဖြင့်ရရှိနိုင်မည်ဖြစ်သည်။

Brand New Suzuki များဖြစ်သော Swift GLX ၊ Ciaz ၊ Ertiga တို့ကိုစိတ်ပါဝင်စားသည့် Suzuki ချစ်သူများအနေဖြင့်ရန်ကုန်မြို့ Makro Myanmarတွင် စက်တင်ဘာ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ၊ လေးရက်တိုင်တိုင်ကျင်းပမည့် Suzuki Myanmar Motor Corporation ၏ Road Show ပွဲတွင်စိတ်တိုင်းကျသွားရောက်လေ့လာဝယ်ယူနိုင်ကြောင်းသိရသည်။

Author