COVID-19 ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် လမ်းခေတ္တပိတ်သွားမည်

0

Full article

COVID-19 ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် လမ်းခေတ္တပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးကြေညာထားပါသည်။


COVID-19 ကုသရေးနှင့် ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဝင်/ထွက်သွားလာနေသည့် လူနာတင်ယာဉ်များ၊ ဆရာဝန်များ၏ယာဉ်များ၊ ထောက်ပံ့ရေးယာဉ်များအား ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းအား မြို့မကျောင်းလမ်းနှင့် လမ်းမတော်လမ်းဆုံမှ ရွှေတိဂုံဘုရားလမ်းနှင့်  ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံအထိကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စကာ ခေတ္တပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးကြောညာထားပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အထက်ပါလမ်းကိုအသုံးပြုပြီး ယာဉ်မောင်းနှင်မည့်သူများအနေဖြင့် ခေတ္တလမ်းပိတ်ထားစဉ်ကာလအတွင်း အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွားကြပါရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားပါသည်။


၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိစာရင်းများအရ မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲအတည်ပြုလူနာပေါင်း ၃၉,၆၉၆ ဦးရှိနေပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း တွေ့ရှိခဲ့သော လူနာသစ် ၁,၁၉၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

Author