Peugeot Myanmar ၏ Franch Brand Peugeot SUV ကားများကို Test Drive ပြုလုပ်နိုင်မည့် အစီအစဉ်ကို Peugeot Show Room တွင် ကျင်းပလျက်ရှိ

0

Full article

Peugeot Myanmar ၏ Franch Brand Peugeot SUV ကားများကို Test Drive ပြုလုပ်ရင်း လက်ဆောင်ပစ္စည်းများရယူနိုင်မည့် အစီအစဉ်ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Peugeot Show Room တွင် ကျင်းပလျက်ရှိကြောင်းသိရသည်။

နိုင်ငံတကာတွင် ဆုတံဆိပ်ပေါင်းများစွာရရှိထားသည့် ပြင်သစ်ကားအမျိုးအစားဖြစ်သော Peugeot 3008 နှင့် 5008s SUV ကားများကို Test Drive ပြုလုပ်ရင်း လက်ဆောင်ပစ္စည်းများ ရယူနိုင်မည့်အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Peugeot Showroom တွင်ကျင်းပလျက်ရှိသည်။ ပြင်သစ် SUV ကားသစ်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ Test Drive လာရောက်စမ်းသပ်မောင်းနှင်သည့် Peugeot ချစ်သူများကို အထူး promotion အစီအစဉ်များ၊ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပေးသွားမည်ဖြစ်သည့်အပြင် ကူးစက်ရောဂါများကို ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း အထူးလိုက်နာဆောင်ရွက်ပေးသွားမည့်အပြင် Hand Sanitizers ဗူးများနှင့် Mask များကိုလည်း လက်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Brand New Peugeot SUV ကားများ၏ အမိုက်စားစွမ်းဆောင်ရည်ကို စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Peugeot Showroom တွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မောင်းနှင်ရင်း လက်ဆောင်ပစ္စည်းများရရှိနိုင်မည့်အခွင့်အရေးကို လက်မလွတ်ရလေအောင် သတင်းကောင်းပါးအပ်ပါသည်။

Author