မကြာမီက မိတ်ဆက်ပြသခဲ့သည့် New Land Rover Defender 110 သည် five–star euro NCAP safety rating ဆုကို ရရှိခဲ့ကြောင်းသိရသည်။ NCPA မှ မော်တော်ယာဉ်ဆိုင်ရာ လုံခြုံရေးကျွမ်းကျင်သူများမှ Land Rover ၏ New Land Rover Defender 110 မော်ဒယ်ကို စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး နောက်ဆုံးစမ်းသပ်မှုရလဒ်အရ အမြင့်ဆုံးအဆင့် ကြယ်ငါးပွင့် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လေအိတ် ၆ လုံးသည် မောင်းနှင်သူနှင့် ခရီးသည်များကို အကောင်းဆုံး အကာအကွယ်ပေးထားပြီး New Defender 110 သည် အရွယ်ရောက်သူနှင့် ကလေးသူငယ်များကို အကာအကွယ်ပေးမှုတွင် ၈၅ ရာခိုင်နှုန်း၊ Safety Assist အတွက် ၇၉ ရာခိုင်နှုန်း၊ လမ်းကြမ်းများတွင်မောင်းနှင်သူများအတွက် ၇၁ ရာခိုင်နှုန်း များရရှိခဲ့မှုကြောင့် NCPA မှ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ New Defender ကို စတင်ဖန်တီးခဲ့စဉ်ကတည်းက ကျွန်တော်တို့ဟာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုနဲ့ လမ်းအသုံးပြုသူများကိုပါ ကာကွယ်ပေးမှုအတွက် ပါ ထည့်သွင်းပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်ခဲ့သမျှ Land Rover တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးနဲ့ အကြမ်းအခံဆုံး Land Rover ကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ Euro NCPA မှ ကျွန်တော်တို့ရဲ့ New Defender ကို ကြယ်ငါးပွင့်အဆင့် သတ်မှတ်ပြီး၊ အသိအမှတ်ပြု ခဲ့တဲ့အတွက် ဂုဏ်ယူရပါတယ်”
ဟု Jaguar Land Rover ၏ Executive Director, Product Engineering ဖြစ်သူ Nick Rogers မှ ပြောကြားခဲ့သည်။
New Land Rover Defender 110 တွင် Emergency Braking, Blind Spot Assist, 3D Surround Camera , Clear Exit Monitor, Adaptive Cruise Control, Driver Condition Monitor, Lane Keep Assist, Rear Collision Monitor, Rear Traffic Monitor, Traffic Sign Recognition and Adaptive Speed Limiter, Wade Sensing တို့ပါဝင်ကြောင်းသိရသည်။