မြန်မာအမျိုးသားလေကြောင်းလိုင်း မှ ရန်ကုန်-မကာအို-ရန်ကုန် Relief Flight အား ပျံသန်းပြေးဆွဲပေးသွားမည်

0

Full article

မြန်မာအမျိုးသားလေကြောင်းလိုင်း( Myanmar National Airlines) မှ ရန်ကုန် - မကာအို - ရန်ကုန် Relief Flight အား ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) သည် မကာအိုမြို့သို့ သွားရောက်မည့်ခရီးသည်များနှင့် မကာအိုမြို့ရှိ နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအတွက် Relief Flight ခရီးစဉ်အား မကာအိုမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ညှိနှိုင်းကာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-မကာအို  ကယ်ဆယ်ရေးခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် မကာအိုဒေသသို့ ဝင်ရောက်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာ ရှိရမည်ဖြစ်ပြီး မကာအို-ရန်ကုန် ခရီးစဉ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ထုတ်ပြန်ထားသော ခရီးသည်စာရင်းအတိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်-မကာအို-ရန်ကုန် Relief Flight ခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် သတ်မှတ်ထားသော ကီလိုထက် ကျော်လွန်သယ်ဆောင်ခွင့်မရှိကြောင်းကို သတိပြုကြစေရန်ကိုလည်း MNA မှ အသိပေးကြေညာထားပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရန်ကုန် - မကာအို ခရီးစဉ်အတွက် MNA ၏ Call Center +951 378603- 04 / 06 / 07 / 08  သို့လည်းကောင်း မကာအို - ရန်ကုန် ခရီးစဉ်အတွက် +852 2845 0818 / +852 2845 0811 သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်းသိရသည်။ ရန်ကုန်-မကာအို (UB – 8035 ) သည် မနက် ၉ နာရီ ၃၅ မိနစ်တွင်ထွက်ခွာပြီး ၁၄ နာရီ တွင်ဆိုက်ရောက်မည်ဖြစ်ကာ မကာအို - ရန်ကုန် ( UB – 8036 ) သည် ၁၅ နာရီ ၃၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ၁၇ နာရီ ၂၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Author