မြန်မာအမျိုးသားလေကြောင်းလိုင်း ၂၁ ကြိမ်မြောက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲပေးသွားမည်

0

Full article

မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National  Airlines) မှ စင်္ကာပူ နိုင်ငံသို့သွားရောက်မည့် ခရီးသည်များနှင့် နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအတွက် ၂၁ ကြိမ်မြောက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာမျိုးသားလေကြောင်းလိုင်း၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။


မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးနှင့် ညှိနှိုင်းကာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးသည်များနှင့် နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအတွက် ၂၁ ကြိမ်မြောက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါ ရန်ကုန်-စင်္ကာပူ ကယ်ဆယ်ရေး ခရီးစဉ်တွင် လိုက်ပါမည့်ခရီးသည်များအနေဖြင့် စင်္ကာပူနိုင်ငံသို့ ဝင်ရောက်ရန်လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာရှိရမည့်အပြင် မြန်မာနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသည့် ခရီးသည်စာရင်းအတိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အမည်စာရင်းတွင်ပါဝင်သော ခရီးသည်များအနေဖြင့် singaporeops@flymna.comသို့ Subject နေရာတွင် Relief Flight( 9 October 2020) ဟု ထည့်သွင်းပြီး ခရီးသည်အမည်၊ passport နံပါတ်၊ ဖုန်းနံပါတ်နှင့် embassy မှထုတ်ပြန်ထားသော အမည်စာရင်းမှ serial number တို့အား email ပေးပါရန် MNA မှ အသိပေးကြေညာထားပါသည်။


အဆိုပါ ၂၁  ကြိမ်မြောက် Relief Flight ခရီးစဉ်တွင် ရန်ကုန်-စင်္ကာပူ (UB- 1001 ) သည် ထွက်ခွာချိန် ၉နာရီ ၃၀ မိနစ်နှင့် ဆိုက်ရောက်ချိန် ၁၄ နာရီဖြစ်ကာ စင်္ကာပူ- ရန်ကုန် (UB – 1002 ) ခရီးစဉ်သည် ထွက်ခွာချိန် ၁၅ နာရီ ၃၀ မိနစ် နှင့် ဆိုက်ရောက်ချိန်မှာ ၁၇ နာရီဖြစ်ကြောင်းသိရသည်။

Author