Myanmar National Airlines မှ Relief Flight နှင့် Cargo Flight များကို နိုဝင်ဘာလအတွင်း ပျံသန်းပြေးဆွဲပေးသွားမည်

0

Full article

မြန်မာ အမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) မှ ကယ်ဆယ်ရေး ခရီးစဉ် (Relief Flight) နှင့် Cargo Flight များကို နိုဝင်ဘာလအတွင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းမပြတ်လပ်စေရေးနှင့် ပြည်ပသို့တင်ပို့ရမည့် ကုန်စည်များ တင်ပို့နိုင်ရေးအတွက် ရန်ကုန်-စင်ကာပူ-ရန်ကုန် Cargo ခရီးစည်ကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါခရီးစဉ်တွင် ကုန်စည်များသာ တင်ပို့နိုင်မည်ဖြစ်ပြီး ခရီးသည်များလိုက်ပါနိုင်မည်မဟုတ်ကြောင်းသိရသည်။ ထို့အပြင် လာမည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးသည်များနှင့် မြန်မာနိုင်ငံသို့ နေရပ်ပြန်လာမည့် မြန်မာနိုင်ငံသားများအတွက် ၂၇ ကြိမ်မြောက် ရန်ကုန်-စင်ကာပူ Relief Flight အားလည်းကောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်-ဂျာကာတာ Relief Flight ခရီးစဉ်အား လည်းကောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်- ဘန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်( Relief Flight) အားလည်းကောင်း အသီးသီးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန် - ဘန်ကောက် ခရီးစဉ်တွင် လိုက်ပါမည့်သူများအနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် စာရွက်စာတမ်း အထောက်အထား စုံလင်ရမည်ဖြစ်ပြီး ဘန်ကောက်-ရန်ကုန် ခရီးစဉ်အတွက် မြန်မာနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသော ခရီးသည်စာရင်းအတိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် COVID -19 ရောဂါပို့ တွေ့ရှိလူနာအရေအတွက် ပိုမိုများပြားလာသည့်အတွက် မြန်မာနိုင်ငံအတွင်းပျံသန်းပြေးဆွဲလျက်ရှိသော ပြည်တွင်းလေကြောင်းလိုင်းများကို ယာယီရပ်နားထားပြီး ပြည်ပရှိ နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းကာ ကယ်ဆယ်ရေးခရီးစဉ် (Relief Flight ) များပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

Author