မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) ရန်ကုန်ရုံးချုပ်တွင် ငွေသားပေးချေကာ လေယာဉ်လက်မှတ်ရောင်းချခြင်းအား ယာယီရပ်ဆိုင်းထား

0

Full article

မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) ရန်ကုန်ရုံးချုပ်တွင် ငွေသားပေးချေကာ လေယာဉ်လက်မှတ်ရောင်းချခြင်းအား ယာယီရပ်ဆိုင်းထားကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA) ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။


မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်မားနေသော COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုအား ကာကွယ်နိုင်ရန်အတွက် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) ရန်ကုန် (ရုံးချုပ်)တွင် ငွေသားပေးချေကာ လေယာဉ်လက်မှတ်ရောင်းချမှုကို ၂၃ - ၉ -၂၀၂၀ ရက်နေ့မှ ၇ - ၁၀ -၂၀၂၀ ရက်နေ့အထိယာယီရပ်ဆိုင်းထားကြောင်း MNA ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ အဆိုပါကာလအတွင်း Relief Flight နှင့် Charter Flight ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ဝယ်ယူလိုပါက မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Website ဖြစ်သော www.flymna.com သို့မဟုတ် Call Center သို့ဆက်သွယ်ကာ Booking တင်နိုင်သည့်အပြင် 3D Securely on ထားသည့် Credit Card သို့မဟုတ် Debit Card များဖြင့်ငွေပေးချေနိုင်ခြင်း၊ MPU Card များဖြင့်ငွေပေးချေခြင်း ၊ Bank transfer ဖြင့်ငွေပေးချေခြင်းတို့ဖြင့်လည်း ဝယ်ယူနိုင်ကြောင်းသိရသည်။ ထို့အပြင် 123 service မှတစ်ဆင့် over the counter များဖြစ်သော Near Me , G&G , ABC convenience store, City Mart , City Express နှင့် Oasis ဆိုင်များတွင်လည်း ငွေပေးချေနိုင်ကြောင်းသိရသည်။

Mobile banking/ I – banking အသုံးပြုသည့် customers များအတွက်လည်း KBZ Direct pay, CB Web Pay, AYA mobile banking , UAB mobile banking , MAB mobile banking များကိုအသုံးပြုပြီး ငွေပေးချေကာ လေယာဉ်လက်မှတ်ဝယ်ယူနိုင်ကြောင်းကိုလည်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အသိပေးကြေညာထားပါသည်

Author