မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်း

0

Full article

မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) ၏ ခရီးစဉ်များပျံသန်းပြေးဆွဲခြင်းကို စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၏ အသိပေးကြေညာချက်အရသိရသည်။


မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများအား ကာကွယ်ထိန်းချုပ်ရန်အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) မှပျံသန်းပြေးဆွဲနေသော ပြည်ပခရီးစဉ်များဖြစ်သည့် စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်းနှင့် ဟောင်ကောင်ခရီးစဉ်ပျံသန်းပြေးဆွဲခြင်းများကို ယခင်က ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၃၁) ရက်နေ့အထိ ရပ်ဆိုင်းထားရာမှ ယခုအခါ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း MNA မှ အသိပေးကြေညာထားပါသည်။ အဆိုပါကာလအတွင်း ဝယ်ယူထားသော လေယာဉ်လက်မှတ်များကို Full Refund နှင့် Free Date Charge ပြုလုပ်ပေးသွားမည်ဖြစ်ပြီး Agent မှ တစ်ဆင့်ဝယ်ယူထားသူများအနေဖြင့်လည်း ထို Agent မှ Refund ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် Websit မှတစ်ဆင့်ဝယ်ယူထားသူများအနေဖြင့်လည်း contact@flymna.com သို့ Email ပေးပို့ကာ Refund ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှအသိပေးကြေညာထားပါသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၏ ပြည်ပခရီးစဉ်များပျံသန်းပြေးဆွဲခြင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Author