MG (Morris Garages) ရဲ့ MG First Move Roadshow event ပွဲကို မြန်မာပလာဇာတွင် ကျင်းပလျက်ရှိ

0

Full article

အင်္ဂလန်နိုင်ငံရဲ့  ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MG (Morris Garages) ရဲ့  MG First Move Roadshow event ပွဲကို မြန်မာပလာဇာတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတွင် MG (Morris Garages) ရဲ့  SUV အမျိုးအစားတွေဖြစ်တဲ့ MG HS ၊ MG ZS ၊ MG RX5 တို့ကို စမ်းသပ်မောင်းနှင်ကြည့်ရှုနိုင်မှာဖြစ်သလို အထူးပရိုမိုးရှင်းများဖြင့်လည်းရောင်းချသွားမည်ဖြစ်ပြီး လာရောက်ဝယ်ယူသူတိုင်းကိုလည်း မေတ္တာလက်ဆောင်များလည်း ပေးအပ်သွားမည်ဟု သိရသည်။

အထူးပရိုမိုးရှင်းများအဖြစ် MG HS ၊ MG ZS ၊ MG RX5 ထဲက ဘယ်ကားကိုမဆို ဝယ်ယူတာနဲ့  1 Year Insurance Free ၊ MAD Exterior ၊ 300,000 Kyats Denko Smile Card ၊ Service Package(Parts & Labor) (1 Year or 10,000 km) တို့ကိုပေးအပ်သွားမည်ဖြစ်သည်။ တစ်စီးချင်းအနေဖြင့် မတူညီတဲ့ပရိုမိုးရှင်းတွေကတော့ MG HS နဲ့ MG ZS အတွက် Cash Back အဖြစ် $3,000 ၊ MG RX5 အတွက် Cash Back အဖြစ် $1,500 တို့ကိုလည်း ပေးအပ်သွားမည်ဟု သိရသည်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ရက်နေ့ကနေ စတင်ကျင်းပခဲ့တဲ့ဒီပွဲဟာ ၁၃၊ ၁၄၊ ၁၅၊ ၁၆ နေ့အထိ လေးရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာပလာဇာ၊ ပရိုမိုးရှင်းဧရိယာတွင် ကျင်းပလျက်ရှိတဲ့ MG (Morris Garages) ရဲ့  MG First Move Roadshow event ပွဲကို သွားရောက် လေ့လာကြည့်ရှုဝယ်ယူနိုင်ပါသည်။

Author