Lifan Motors Myanmar ၏ Roadshow ကားအရောင်းပြပွဲကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၁၄ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ Gandamar Wholesale တွင် ကျင်းပသွားမည်

0

Full article

Lifan Motors Myanmar ၏ Roadshow ကားအရောင်းပြပွဲကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၁၄ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ Gandamar Wholesale တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Roadshow တွင် SUV အမျိုးအစား Lifan X70 2020 Model အား အထူးဈေးနှုန်း၊ အထူးအစီအစဉ်များဖြင့် ပြသရောင်းချသွားမည်ဖြစ်သည်။ Lifan X70 2020 Model အားအထူးဈေးနှုန်းအနေဖြင့် ယခင်ဈေးနှုန်း ၃၉၉ သိန်း အစား လျှော့ဈေး ၃၆၅ သိန်း ++ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ Brand New SUV Lifan X70 အား လက်ငင်းစနစ်ဖြင့် ဝယ်ယူနိုင်သကဲ့သို့၊ အရစ်ကျစနစ်ဖြင့်လည်းဝယ်ယူနိုင်မည်ဖြစ်သည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါကလည်း Downpayment % ကို ညှိနှိုင်းပေးခြင်းနှင့် သက်သာသောအတိုးနှုန်းဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ 2.0L Engine ပါဝင်သော Lifan X70 ကိုဝယ်ယူပါက ရန်ကုန်လိုင်စင်ရရှိခြင်း၊ အာမခံအနေဖြင့် 3 Years or 100,000 km ရရှိမည်ဖြစ်ခြင်း၊ 1 Year Free Regular Maintenance Service Charge ၊ ကားမိုးကာ၊ ဘေးရေကာ၊ ကြမ်းခင်းခြေနင်းပြား တို့အပြင် Service လက်ဆောင်အဖြစ် ကီလို ၃၀၀၀ (သို့) ၃ လတွင်ပြုလုပ်ရမည့် 5W – 30 Fully Synthetic Engine Oil နှင့် Filter လဲလှယ်ပေးခြင်းအပါအဝင် အခြားစစ်ဆေးပေးခြင်း (၃၈) မျိုးကိုလည်း လက်ဆောင်အဖြစ်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Brand New SUV Lifan X70 အားစိတ်ဝင်စား၊ ဝယ်ယူလိုသူများအနေဖြင့် ဩဂုတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် Gandamar WholeSale တွင်ကျင်းပမည့် Lifan Motors Myanmar ၏ ကားအရောင်းပြပွဲသို့ နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအတွင်း စိတ်တိုင်းကျသွားရောက်လေ့လာဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Author