ရန်ကုန်တိုင်းဒေသကြီး ၌ Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများမှ မော်တော်ယာဉ်များ အနေဖြင့် online မှ မှတ်ပုံတင်ရမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများမှ မော်တော်ယာဉ်များအနေဖြင့် online မှ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ထားသောလုပ်ငန်းများမှ မော်တော်ယာဉ်များကိုသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဖြတ်ကျော်ခွင့်ရရှိမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်( UMFCCI)မှ အသိပေးကြေညာထားပါသည်။

COVID-19 ကပ်ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင်ပါဝင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများနှင့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မည်ဆိုပါက online မှတစ်ဆင့် မှတ်ပုံတင်ရန်လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များကိုသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရရှိမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ အသိပေးကြေညာထားပါသည်။ မှတ်ပုံတင်ခြင်းပြီးမြောက်မှသာ ဝန်ထမ်းတစ်ဦးချင်းစီနှင့် မော်တော်ယာဉ် တစ်စီးချင်းစီအတွက် QR Code ပါ ID ရရှိမည်ဖြစ်ပြီး၊ မြို့နယ်ဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာတွင် QR Code ပါ ID အားပြသရမည်ဖြစ်ကြောင်းသိရသည်။


Online မှ မှတ်ပုံတင်ခြင်းကို http://QRpass.SawSawShar.gov.mm တွင်ဝင်ရောက်မှတ်ပုံတင်နိုင်ပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်တွင် အဆင်မပြေမှုရှိပါက ဖုန်းနံပါတ် ၀၉-၆၉၄၈၂၀၂၄၄ , ၀၉-၄၀၂၇၉၀၇၄၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားပါသည်။

Author