KIA ၏ Showroom သစ်ဖြစ်သော KIA Yangon Showroom by Glory Motor ကို ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်တွင် ထပ်မံဖွင့်လှစ်

0

Full article

KIA ၏ Showroom သစ်ဖြစ်သော KIA Yangon Showroom by Glory Motor ကို ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ ထပ်မံဖွင့်လှစ်လိုက်ကြောင်းသိရသည်။

အသစ်ထပ်မံဖွင့်လှစ်လိုက်သော KIA Glory Showroom တွင် Luxury Options များဖြင့် တင်သွင်းခဲ့သော တောင်ကိုရီးယားနိုင်ငံတထုတ် KIA ကားသစ်များကို ရန်ကုန်လိုင်စင်အပါအဝင် ကြိုက်နှစ်သက်ရာလိုင်စင်များဖြင့် ရောင်းချပေးသွားမည့်အပြင် ပြည်တွင်း၌ SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်သည့် BrandNew KIA ကားသစ်များဖြစ်သော Sorento, Sportage, Soluto, Cerato, Picanto တို့ကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းးသိရသည်။

KIA RIO ကို US$ 23,990 , Cerato ကို US$ 31,000, Sportage GT Line ကို US$ 47,900, Sorento GT Line ကို US$ 62,000 တို့ဖြင့် အသီးသီးဝယ်ယူနိုင်မည်ဖြစ်ပြီး အာမခံအနေဖြင့် အထက်ပါကားများအတွက် အာမခံ ၇ နှစ် သို့မဟုတ် ကီလိုမီတာ ၁၅၀,၀၀၀ အာမခံရရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် Showroom သစ်ဖွင့်လှစ်သော အထိမ်းအမှတ်အနေဖြင့် ပထမဆုံး လာရောက်ဝယ်ယူမည့် Customers အယောက် ၃၀ အား ၇.၁၂.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၁ ရက်နေ့အထိ KIA Glory Showroom မှ လက်ရှိပေးနေသည့် ပရိုမိုးရှင်းများအပြင် 1 year free insurance, 1 year free maintenance , ၁ သိန်းတန် fuel coupon, floor mate နှင့် black box တို့ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

KIA ကားသစ်များကို Cash Down စနစ်ဖြင့်သော်လည်းကောင်း အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း ဝယ်ယူနိုင်မည့် KIA Yangon Showroom by Glory Motor ၏ လိပ်စာမှာ No.1A – 1B, ပင်လုံလမ်းနှင့် သိန်းဝင်း လမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ကြောင်းသိရသည်။

Author