KIA Myanmar ၏ KIA Motors AYK Auto Showroom သစ် Soft Opening ပွဲကျင်းပ

0

Full article

KIA Myanmar ၏ KIA Motors AYK Auto Showroom သစ်၏ Soft Opening ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်းခဲ့ကြောင့် သိရသည်။

KIA Motors AYK Auto Showroom တွင် ပြည်တွင်း၌ SKD စနစ်ဖြင့်ထုတ်လုပ်သော Brand New KIA များဖြစ်သည့် Sportage , Sorento , Soluto , Cerato , Picanto နှင့် Rio တို့ကို အထူးအစီအစဉ်များဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Showroom သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ပထမဆုံးလာရောက်ဝယ်ယူသည့် Customers အယောက် ၃၀ အား ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ပြုလုပ်မည့် အထူးပရိုမိုးရှင်းအစီအစဉ်များအပြင် 1 Year Free Insurance ၊ 1 year Free Maintenance ၊ 450L Fuel Coupon ၊ Inya Myaing car spa 50% off coupon ၊ ရွှေတစ်ကျပ်သား၊ S Grade Luxury Floor Mat 50% off coupon ၊ Samsung Note 20 Ultra ဝယ်ယူခွင့် နှစ်သိန်းကျပ်တန် ငွေသားလက်ဆောင် Coupon၊ Inya Myaing car spa ၏ overhaul grooming package အားလုံးအတွက် 50% discount gift voucher ၊ Remix car charger + 3 in 1 cable  စသည်တို့အပြင် ကားတစ်စီးချင်းစီအလိုက် အထူးစပါရှယ် Discount များလည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။

Brand New KIA  ကားများကိုလည်း ၇ နှစ်အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင်  မကြာသေးမီကမှ KIA မှ မိတ်ဆက်ပြသခဲ့သည့် KIA  K5 နှင့် All New Sorento အမျိုးအစားသစ်များကို US$ 2,000 Discount၊ All New Soluto ကို 3 years free maintenance တို့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သလို၊ KIA Rio Limited Edition ကိုလည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

KIA Motors AYK Auto Showroom ၏လိပ်စာမှာ အမှတ် ၁၀၊ တပင်ရွှေထီးလမ်းနှင့် အရိယာမဂ္ဂင်လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။

Author