ဂျပန်တို့ရဲ့ ကားပျံ၊ လူတင်ဆောင်ပြီး မြေပြင်အထက် အမြင့်တနေရာတွင် စမ်းသပ်ပျံသန်း

0

Full article

တိုကျို၊ ဂျပန် - ဆယ်စုနှစ်များစွာက အိပ်မက်တစ်ခုဟာ ဒီနေ့ (၂၈၊ ၈၊ ၂၀၂၀) မှာတော့ မြေပြင်ရဲ့အမြင့်တစ်နေရာမှာ ဟိုဟိုဒီဒီမောင်းနှင်နိုင်ခဲ့ပါတယ်။

ဂျပန်တို့ရဲ့ SkyDrive Inc., ဟာ ကမ္ဘာအနှံ့က ကားပျံ စီမံကိန်းများစွာတွေရဲ့အကြား လူတစ်ယောက်ကိုတင်ဆောင်ပြီး စမ်းသပ်ပျံသန်းမှုကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပုံမှာမြင်ကြရတဲ့အတိုင်း ဒီဆန်းဆန်းပြားပြား တီထွင်ထားတဲ့စက်ဟာ ပန်ကာတပ်ထားတဲ့ မော်တော်ဆိုင်ကယ်လိုလို၊ ခေတ်စားနေတဲ့ drone အကြီးစားလိုလို မျိုးဖြစ်ပြီး မြေပြင်ကနေ လေး၊ ငါး၊ ခြောက်ပေအမြင့်အထိ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ လေပေါ်ရောက်ရှိနေတဲ့ ကြာမြင့်ချိန်သက်သက်ကတော့ လေးမိနစ်သာကြာမြင့်ခဲ့ပေမဲ့ ဒါဟာ အောင်မြင်မှုတစ်ခုပါပဲ။

SkyDrive ရဲ့ကြိုးစားအားထုတ်မှုကို ဦးဆောင်နေတဲ့ Tomohiro Fukuzawa ကတော့ ဒီကားပျံကို ၂၀၂၃ ခုနှစ်လောက်မှ လူသားတွေစီးနင်းအသုံးပြုနိုင်အောင် ထုတ်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးသူက ‘စိတ်ချလုံခြုံရေးသည်သာ အရေးအကြီးဆုံး’ လို့ဆက်လက်ပြောကြားခဲ့ပါသေးတယ်။

Tomohiro Fukuzawa အနေနဲ့ The Associated Press ရဲ့မေးမြန်းမှုကို ဖြေကြားရာမှာတော့

“ကမ္ဘာမှာ ကားပျံစီမံကိန်းတွေက ၁၀၀ လောက်ရှိတယ်။ အဲဒီထဲကမှ လက်တဆုပ်စာလောက်ကပဲ လူတင်ဆောင်ပြီးပျံသန်းနိုင်ကြတာပါ။ လူတွေအများကြီး စမ်းသပ်မောင်းနှင်ချင်ကြမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီလိုစမ်းသပ်မောင်းနှင်စီးနင်းရာမှာ လုံခြုံစိတ်ချရကြောင်း ခံစားချက်ကိုလည်း ရရှိစေလိုပါတယ်။” လို့ဆိုလိုက်ပါတယ်။

အခြေခံသဘောတရားအရ လက်ရှိကမ္ဘာမှာပျံသန်းနေကြပြီးဖြစ်တဲ့ လေယာဉ်ပျံ၊ ရဟတ်ယာဉ်တို့နဲ့ကွာတဲ့အချက်က လျှပ်စစ်ကားပျံ (eVTOL, Electric Vertical Takeoff and Landing) တွေဟာ လူတစ်ကိုယ်ချင်းစီအတွက် တစ်နေရာကနေ တစ်နေရာကို အလျင်မြန်ဆုံးသွားလာနိုင်စေမှုကို ရရှိနိုင်စေခြင်းပါပဲ။ ပြောရမယ်ဆိုရင် ကားတစ်စီးထွက်ခွာသလိုပဲ ထွက်ခွာနိုင်မယ်။ မိသားစုတစ်ခုအတွက်သက်သက်ကိုလည်း အဆင်ပြေစေနိုင်မယ်။ ရိုးရိုးကားနဲ့ တစ်ခုတည်းသောကွာခြားချက်က လေပေါ်မှာပျံနိုင်ခြင်းပဲဖြစ်ပါတယ်။

Ref: Japan's 'flying car' gets off ground, with a person aboard

Author