နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်

0

Full article

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များမြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလကို ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။


မြန်မာနိုင်ငံအတွင်း COVID -19 ရောဂါ ကူးစက်မှုဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆိုက်ရောက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာညွှန်ကြားချက် (Temporary Measure to prevent importation of COVID-19 Myanmar through Air Travel) ၏ အကျိုးသက်ရောက်မှုကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၃၀ - ၁၁ - ၂၀၂၀ ရက်နေ့ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ် အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။


ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရေး၊ နိုင်ငံတော်နှင့် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၏ အမှန်တစ်ကယ်လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညှိနှိုင်းမှုဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Author