နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းခရီးစဉ်များ ယာယီကန့်သတ်ခြင်းကာလအား ထပ်မံတိုးမြှင့်

0

Full article

နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆိုက်ရောက်ခြင်းကို ယာယီကန့်သတ်ခြင်းကာလအား ထပ်မံတိုးမြှင့်လိုက်ကြောင်းသိရသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measure to Prevent importation of COVID -19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့်  (၃၀-၉-၂၀၂၀ ) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃ နာရီ ၅၉ မိနစ်) အထိ သတ်မှတ်ခဲ့ရာမှ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်ရေးမှာ များစွာအရေးပါသဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို COVID -19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၀ - ၁၀ -၂၀၂၀ )ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃ နာရီ ၅၉ မိနစ်) အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။


ထို့အပြင် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) ၏ ပြည်ပ လေယာဉ်ခရီးစဉ်များဖြစ်သော စင်္ကာပူ၊ ဘန်ကောက်၊ ချင်းမိုင် နှင့် ဟောင်ကောင် ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကိုလည်း ယခင်က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိ ယာယီရပ်ဆိုင်းထားရာမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

Author