ကနဦးမှတ်ပုံတင်ဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၁၂လပိုင်း ၁ရက်နေ့ မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်သွားမည်

0

Full article

ကနဦးမှတ်ပုံတင်ဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၁-၁၂-၂၀၂၀ (အင်္ဂါနေ့ ) မှစတင်ပြီး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

COVID -19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် နေပြည်တော်၊ ထောက်ကြံ့၊ ရွာသာကြီးနှင့် မန္တလေး ကနဦးယာဉ်မှတ်ပုံတင်ဌာနရုံးများ၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ (အင်္ဂါနေ့)တွင်  စတင်ပြီး ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။ ထိုသို့ ပြန်လည်လက်ခံဆောင်ရွက်ရာ၌ မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် (၁၄.၉.၂၀၂၀) ရက်နေ့မှ (၃၀.၁၁.၂၀၂၀) ရက်နေ့အထိ (၇၈) ရက်တာ ကာလအား ထည့်သွင်းရေတွက်ခြင်းမပြုပဲ လျှော့ပေါ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင် ၂၈.၂.၂၀၂၁ ရက်နေ့နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ်များသည် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေး လျှောပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

လတ်တလောဖြစ်ပွားနေသည့် COVID- 19 ရောဂါကြောင့် ကုန်းလမ်းပို့ဆောင်ရေညွှန်ကြားမှုဦးစီးဌာနရုံးများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

Author