ကနဦး ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပါက လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်

0

Full article

ကနဦး ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအဖွဲ့မှလည်း စစ်ဆေးမှုများ လာရောက်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ကနဦး ယာဉ်မှတ်ပုံတင်ဌာနထံမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ကနဦး ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် လူစုလူဝေးမဖြစ်ပေါ်စေရန် Online Booking စနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး Booking ရယူထားသော Screen Shot (သို့မဟုတ်) တိုကင်ကိုပြသပြီး ဆောင်ရွက်ရမည်ဖြစ်ကာ ရက်ချိန်းရယူထားသည့် သူများကိုသာ လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် မှတ်ပုံတင်လုပ်ငန်း လာရောက်ဆောင်ရွက်သူများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် သတ်မှတ်ချိန်မှသာ လာရောက်စေမည့်အပြင် သင့်လျော်သည့် အရေအတွက်ကိုသာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ COVID -19 ကာကွယ်၊ ထိန်းချုပ်ရေးအဖွဲ့မှလည်း ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၏ လုပ်ငန်း SOP များကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် ပြန်လည်ဖွင့်လှစ်နိုင်မည့် ရက်ကို မထုတ်ပြန်နိုင်သေးသော်လည်း ပြန်လည်ဖွင့်လှစ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ COVID -19 ရောဂါကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများအားလုံး၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၁၄-၉-၂၀၂၀ ရက်နေ့ကတည်းက ယာယီ ရပ်နားထားခဲ့ခြင်းဖြစ်သည်။

Author