Gold AYA Motors International Group Co., Ltd. မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံသို့ JETOUR X70 လှူဒါန်းပွဲအခမ်းအနားကျင်းပ

0

Full article

Gold AYA Motors International Group Co.,Ltd မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံသို့ JETOUR X70 လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Gold AYA Motors Showroom တွင်ကျင်းပခဲ့ကြောင်းသိရသည်။ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အပြန်အလှန်ကူညီဖေးမပေး” ရည်မှန်းချက်ဖြင့်ကျင်းပသော အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Tan၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်အတူ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး Gold AYA Motors International Group Co.,Ltd ၏ General Manager ဖြစ်သူ Mr.Du Zhaoen မှ

“ယခုဆိုရင် ၂၀၂၀ ပြည့်နှစ်ဟာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။  ဒီနှစ်မှာဆိုရင် ကမ္ဘာတလွှားမှာ ကူးစက်ပျံ့ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးဟာ ကျန်းမာရေးနဲ့စီးပွားရေးကို ထိခိုက်ပျက်စီးနေတယ်ဆိုတာ အားလုံးအသိပါ။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံထားတဲ့ လုပ်ငန်းတခုဖြစ်တာနဲ့အညီ မြန်မာပြည်ရဲ့ လိုအပ်ချက်များကိုလည်း အမြဲတစေကူညီဖေးမပေးဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့် Gold AYA Motors အနေနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ မော်တော်ယာဉ် လှူဒါန်းခြင်းကို သံရုံးမှတဆင့်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေ အားကြိုးမာန်တက် တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာအစိုးရနှင့်တကွ ဆေးဝန်ထမ်းများနဲ့ ဆရာဝန်များအားလုံးကို ကျွန်တော်တို့အနေနဲ့ အထူးကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်လောင်းပြောကြားလို့ပါတယ်”။

ဟု အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ ထို့အပြင် Mr.Du Zhaoen မှ မော်တော်ယာဉ်လှူဒါန်းရခြင်းရည်ရွယ်ချက်သည်  တိုင်းပြည်အရေးစီမံနိုင်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး တာဝန်နှင့်သွားလာရာတွင်လွယ်ကူစေရန်ဖြစ်ကြောင်းနှင့် ကပ်ရောဂါတိုက်ဖျက်ရေးစီမံချက်များကို ကြိုးစားဆောင်ရွက်နေသော အစိုးရဝန်ထမ်းများနှင့် ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီသော အဖွဲ့အစည်းများအတွက် မိမိတို့ Gold AYA တွင် ကားဝယ်ယူသည့်အခါ အထူးလျှော့ဈေးများဖြင့် ရောင်းချဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။ Gold AYA Motors International Group Co.,Ltd သည် ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဖက်ပေါင်းစုံပေါင်းသပ်ဖွဲ့စည်းထားသည့် မော်တော်ကားအဖွဲ့အစည်း၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ကာ ရင်းနှီမြုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၃၀ မီလီယံဝန်းကျင်ရှိကာ မြန်မာနိုင်ငံအတွင်း မော်တော်ကားထုတ်လုပ်မှုတွင် အခြေခံ Professional အကျဆုံးဖြစ်လာရန်ရည်မှန်းထားကြောင်းလည်းသိရသည်။

Author