Gold AYA Motors International Group ၏ 1st Year Anniversary Road Show ပွဲကို Junction Square တွင်ကျင်းပ

0

Full article

Gold AYA Motors International Group ၏ 1st Year Anniversary Road Show ပွဲကို ရန်ကုန်မြို့ Junction Square တွင်ကျင်းပလျက်ရှိကြောင်းသိရသည်။


Gold AYA ၏ Road Show ပွဲတွင်Jetour X70 ၊  BYD F3 နှင့် CHANGHE Q35 တို့ကို အထူးအစီအစဉ်များနှင့် ရောင်းချလျက်ရှိသည်။ အဆိုပါ Road Show ပွဲတွင် Monsoon Season End Promotion အနေဖြင့် Jetour X70 ကို ဝယ်ယူမည်ဆိုပါက ယာဉ်တစ်စီးလုံးအာမခံသက်တမ်း ၅ နှစ် (သို့) ကီလို ၁ သိန်းခွဲ၊ အင်ဂျင်ပစ္စည်း အကန့်အသတ် အာမခံသက်တမ်း ၁၀ နှစ်(သို့) ကီလို ၁ သန်း၊ ပထမဆုံး ၃ နှစ်အတွင်း အခမဲ့ ၆ ကြိမ်တိတိ အခြေခံကားပြုပြင်ထိန်းသိမ်းခြင်း စသည့်အခွင့်အရေးများ၊ CHANGHE Q35 နှင့် BYD F3 တို့ကိုဝယ်ယူမည်ဆိုပါက ၈သောင်းကျပ်အထိ တန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများနှင့်အတူ တစ်နှစ်စာ အာမခံကြေးအခမဲ့လက်ဆောင်၊ ၆ သိန်း ၂ သောင်းကျပ်တန်ဖိုးရှိ E-Bike တစ်စီးမေတ္တာလက်ဆောင်၊ ၂ သိန်းကျပ်တန်ဖိုးရှိ City Mart Gift Card တို့ရရှိနိုင်မည့်အခွင့်အရေးများကိုရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် မည်သည့်ကားအမျိုးအစားကိုမဆို ဝယ်ယူမည်ဆိုပါက ၂၆ သိန်းအထိတန်ဖိုးရှိသော Gold AYA တစ်နှစ်ပြည့် အမှတ်တရ ရွှေဆွဲပြားများကိုလည်း ကံထူးနိုင်ဦးမည်ဖြစ်ကြောင်းသိရသည်။

Gold AYA ၏ Jetour X70 ၊ CHANGHE Q35 နှင့် BYD F3 တို့ကို စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ Junction Square တွင်စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် Gold AYA Motors International Group ၏ 1st Year Anniversary Road Show သို့သွားရောက်ကာ စိတ်တိုင်းကျ ကြည့်ရှုလေ့လာဝယ်ယူနိုင်ကြောင်းသိရသည်။

Author