Gold AYA Motors ၏ 1st Anniversary Promotion Road Show ပွဲကို ရန်ကုန်မြို့ Capital Hypermarket တွင် ကျင်းပလျက်ရှိ

0

Full article

Gold AYA Motors ၏ 1st Anniversary Promotion Road Show ပွဲကို ရန်ကုန်မြို့ Capital Hypermarket တွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Road Show ပွဲတွင် JETOUR X70 ၊ CHANGHE Q35  နှင့် BYD F3 တို့ကိုပြသရောင်းချသွားမည်ဖြစ်ပြီး Gold AYA ၏ 1st Year Anniversary Promotion အနေဖြင့် မည်သည့် ကားမဆိုဝယ်ယူမည်ဆိုပါက ၈ သောင်းကျပ်အထိတန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများနှင့်အတူ ယာဉ်တစ်စီးလုံးအတွက် တစ်နှစ်စာ အာမခံကြေးအခမဲ့လက်ဆောင်၊ ၁ သိန်းကျပ်တန်ဖိုးရှိ Cash Voucher လက်ဆောင်၊ JETOUR X70 ဝယ်ယူသူတိုင်းအတွက် ၂ သိန်းကျပ် တန်ဖိုးရှိ City Mart Gift Card တစ်ကဒ် လက်ဆောင်၊ CHANGHE Q35 သို့မဟုတ် BYD F3 တစ်စီးဝယ်ယူပါက ၆၂၀,၀၀၀ တန်ဖိုးရှိ E-Bike တစ်စီး မေတ္တာလက်ဆောင်၊ မည်သည့်ကားအမျိုးအစားမဆိုဝယ်ယူပါက ၂၆ သိန်းအထိ တန်ဖိုးရှိသော Gold AYA တစ်နှစ်ပြည့် အမှတ်တရ ရွှေဆွဲပြားကို ကံထူးနိုင်မည့်အခွင့်အရေး၊ ယာဉ်တစ်စီးလုံး အာမခံသက်တမ်း ၅ နှစ် (သို့) ကီလို တစ်သန်းခွဲ၊ အင်ဂျင်ပစ္စည်းအကန့်အသက် အာမခံသက်တမ်း ၁၀ နှစ် (သို့) ကီလို တစ်သန်း၊ ပထမဆုံး ၃ နှစ်အတွင်း အခြေခံကားပြုပြင်ထိန်းသိမ်းခြင်းကို အခမဲ့ ၆ ကြိမ်တိတိ ရရှိနိုင်မည့်အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။

Gold AYA Motors ၏ JETOUR X70, CHANGHE Q35 နှင့် BYD F3 တို့ကို စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ Cpital Hypermarket တွင် ၂၂.၈.၂၀၂၀ ရက်နေ့နှင့် ၂၃.၈.၂၀၂၀ ရက်နေ့များတွင် ကျင်းပသွားမည့် Gold AYA Motors ၏ 1st Year Anniversary Promotion များကို လက်မလွှတ်ရလေအောင် စိတ်တိုင်းကျသွားရောက် ကြည့်ရှုလေ့လာဝယ်ယူနိုင်မည်ဖြစ်သည်။

Author