မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီဖြစ်တဲ့ GEELY Brand

0

Full article

UK Brand Finance မှအကဲဖြတ်သည့် Portfolio Brand Value 2020 တွင် နံပါတ် ၉ နေရာတွင်ရှိသည့် Geely အမှတ်တံဆိပ်သည် မြန်မာနိုင်ငံ CDSG Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Premier Automotive Limited (PAL) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံကားစျေးကွက်သို့ စတင်ဝင်ရောက်လာပြီဟု သိရှိရသည်။

၂၀၂၀ ခုနှစ် နှစ်ကုန်မှ စတင်၍ PAL သည် Geely အမှတ်တံဆိပ်မော်တော်ယာဉ်များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် 3S အရောင်းပြခန်းများဖွင့်လှစ်၍ ရောင်းချသွားမည်ဖြစ်သလို Geely နှင့် PAL ၏ ပူးပေါင်းမှု သည် မြန်မာနိုင်ငံရှိ Customer များကို နောက်ဆုံးပေါ် Geely နည်းပညာများ ၊ နောက်ဆုံးပေါ်မျိုးဆက်သစ် ကားမော်ဒယ်များနှင့် ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးလာနိုင်ဖို့ ရည်မှန်းထားသည်။ PAL နှင့်အတူ Geely Auto သည် မြန်မာနိုင်ငံစျေးကွက်တွင် ထိပ်တန်းမော်တော်ယာဉ်အမှတ်တံဆိပ် တစ်ခုဖြစ်လာရန်အတွက်  သုတေသန၊ ဒီဇိုင်းဖွံ့ဖြိုးတိုးတက်မှုနှင့်ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ၀န်ဆောင်မှုများအထိ မော်တော်ယာဉ်နှင့်စပ်ဆက်သည့် လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်သွားမှာပဲ ဖြစ်သည်။

မြန်မာပြည်ဈေးကွက်တွက် Geely Auto နှင့် ပူးပေါင်း၍ PAL သည် Geely Auto တံဆိပ်မော်တော်ယာဉ်များ တင်သွင်းခြင်းနှင့်ဖြန့်ဖြူးခြင်းအတွက် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။  

PAL ၏မန်နေးဂျင်းဒါရိုက်တာ ဦး ခင်ထွန်းက

“Geely Auto အမှတ်တံဆိပ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ဖြစ်တာက သူ့ရဲ့ အဆင့်မြင့်နည်းပညာနဲ့ အရည်အသွေးမြင့်မားမှုတို့ကြောင့် ဖြစ်ပါတယ်။ Geely ရဲ့ ထုတ်ကုန်တွေဟာ စျေးကွက်သို့မရောက်ရှိမီ ခက်ခဲကြမ်းတမ်းတဲ့ လမ်းအခြေအနေတွေအောက်မှာ ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ Geely ကားတွေကို အလွန်ပြင်းထန်တဲ့ရာသီဥတုအခြေအနေ (အပူချိန် -40 မှ +60 ဒီဂရီ) တွေမှာ နာရီပေါင်း ၅၀,၀၀၀ (၅.၇ နှစ်) စမ်းသပ်ခဲ့ပြီး ကီလိုမီတာ ၁၂.၂သန်းကျော် ကို ခရီးသွားပြီး စမ်းသပ်မောင်းနှင်မှုတွေပြုလုပ်ခဲ့လို့ အရည်အသွေးက အရမ်းယုံကြည်စိတ်ချရပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း Geely ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းဖြစ်တဲ့ Youthful Sporty Design ကိုအသုံးပြုထားပြီး နောက်ဆုံးပေါ်လုံခြုံရေးနည်းပညာတွေနဲ့အတူ Premium ကားတစ်စီးရဲ့ခံစားမှု Feeling အတိုင်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို Brand မျိုးနဲ့အတူလက်တွဲလုပ် ကိုင်ခွင့်ရတဲ့အတွက်အလွန်ဂုဏ်ယူမိပါတယ်”

ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစျေးကွက်တွင် ပထမဆုံးစတင်ရောင်းချသွားမည့် Geely Brand Model မှာ Coolray ဖြစ်သည်။ Coolray မော်ဒယ်ကို နှစ်ရောင်စပ် Dual-Color Body နှင့်အတူ Trim Level ၃ မျိုး (Comfort, Luxury and Sport) ပြသရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ ကျပ် ၃၀၈ သိန်းမှ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Author