Ford Myanmar ရဲ့ Facebook Page မှ Ecosport Review Live Stream အစီအစဉ်အား ထုတ်လွှင့်ခဲ့

0

Full article

အခုလို Stay Home ကာလမှာ Ford Myanmar ရဲ့ Facebook Page ကနေပြီးတော့ ယနေ့ (၁၁.၉.၂၀၂၀) တွင် Ecosport Review Live Stream အစီအစဉ်အား နံနက် ၁၀ နာရီခွဲတွင် စထုတ်လွှင့်ခဲ့ပါတယ်။

အဆိုပါအစီအစဉ်တွင် Ford Ecosport ရဲ့ Performance , Specifications , Service , Spare Parts တို့ကို အစီအစဉ်တင်ဆက်သူ ဦးမျိုးမင်းနှင့်အတူ Ford မှ ဦးအောင်မင်းဗိုလ်၊ ဒေါ်ချစ်ချစ်ငြိမ်း၊ ဒေါ်ခင်သီတာတို့မှာ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Ford Ecosport Brand New 2020 ဟာ ကာလာခုနှစ်မျိုးအထိ ရွေးချယ်စရာရှိပြီး သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၆,၂၅၀ ကျသင့်မှာပါ။ CBU စနစ်နဲ့ တင်သွင်းတာကြောင့် နယ်လိုင်စင်နဲ့ အမည်ပေါက်ရရှိမှာဖြစ်သလို အာမခံအနေဖြင့်လည်း ကားတစ်စီးလုံးစာအတွက် ငါးနှစ် ဒါမှမဟုတ် ကီလိုတစ်သိန်း အထိ အာမခံပေးထားကာ ဘတ်ထရီကတော့ သုံးနှစ် ဒါမှမဟုတ် ကီလိုခြောက်သောင်း အာမခံပေးထားသည်ဟု သိရသည်။ ပရိုမိုးရှင်းအနေဖြင့် Spare Parts နဲ့ Labour Accessory များအတွက် ၁၀% Discount ပေးအပ်သွားမည်ဟုလည်း သိရသည်။

Ford Myanmar အနေဖြင့် ဒီလို Live Stream အစီအစဉ်အား အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ကာ ကားချစ်သူများအနေဖြင့်လည်း ယခုလို Stay Home ကာလမှာ Ford ရဲ့ Brand New ကားတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ Ford Myanmar ရဲ့ Facebook Page မှာ အပတ်စဉ် သောကြာနေ့တိုင်း သွားရောက်ကြည့်ရှုနိုင်ပါသည်။

Author