Dwayne Johnson (The Rock) နဲ့ Porsche Taycan တို့ ထိပ်တိုက်တွေ့သောအခါ …

0

Full article

Dwayne Johnson (The Rock) ဆိုတာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Smack Down လောကမှာလည်း လူကြိုက်များထင်ရှားခဲ့သလို ရုပ်ရှင်လောကထဲမှာလည်း နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူဟာ အရပ် ၆ပေ ၅လက်မထိ မြင့်မားပြီး ကိုယ်အလေးချိန် ပေါင် ၂၆၀ ထိ ရှိတာကြောင့် ရုပ်ရှင်လောကမှာလည်း အက်ရှင်ကားတွေကိုသာ ရိုက်ကူးတာကို တွေ့ရမှာပါ။ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်နဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ကိုယ်အလေးချိန်က ပိုများနေတယ်လို့ထင်ရပြီး အမှန်တကယ်ရှိသင့်တဲ့ အလေးချိန်ထက်ကို ပိုများနေတာဟာ အဆီတွေကြောင့်မဟုတ်ဘဲ ကြွက်သားတွေကြောင့်ဖြစ်ပြီး သူ့ရဲ့ ဘော်ဒီဝင့်ကြွားမှုကို ခန့်မှန်းမိမယ်ထင်ပါတယ်။

အခုပြောပြပေးချင်တာကတော့ Dwayne Johnson လို ကြွက်သားအဖုအထစ်များစွာနဲ့ သန်မာထွားကြိုင်းတဲ့ လူသားတစ်ယောက်အနေနဲ့ Porsche Taycan လို ပြားပြားဝပ်ဝပ်ကားလေးနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ပရိသတ်တွေကြား စိတ်ဝင်စားစရာအခြေအနေတစ်ခု ဖြစ်လာခဲ့တယ်ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Dwayne Johnson ရဲ့ ခန္ဓာကိုယ်နဲ့ Porsche Taycan ကားဟာ ဘယ်လိုမှ လိုက်ဖက်မှုမရှိတာကြောင့်ပါပဲ။

Porsche Taycan ဆိုတာကတော့ နာမည်ကြီး Porsche ကားထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ပြားပြားဝပ်ဝပ်ဆလွန်းကားအမျိုးအစားလေးပါပဲ။ ပုံမှန်အားဖြင့် Dwayne Johnson ဟာ FordRolls Royce တို့ကို မြင့်မြင့်မားမားဇိမ်ခံကားတွေကို ဝယ်ယူပိုင်ဆိုင်ထားတာပါ။ Dwayne Johnson အနေနဲ့ ပြီးခဲ့တဲ့ သုံးရက်လောက်က Instagram မှာ သူ့အနေနဲ့ Porsche Taycan ကားထဲကို ဝင်ရောက်ရတာခက်ခဲတဲ့အကြောင်း၊ သူ့အနေနဲ့ အဲဒီ ဇာတ်ဝင်ခန်းကို ဘယ်လိုရိုက်ရမလဲ၊ ဘယ်လိုပုံစံချိန်းရမလဲဆိုတာမျိုး တင်ထားခဲ့တာပါ။ Dwayne Johnson ဟာ Porsche Taycan ကားကို ဝယ်ယူခဲ့တာတော့ မဟုတ်ပါဘူး။ နောက်ထွက်မယ့် ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ Porsche Taycan ကားကို စီးရမှာပါ။ Dwayne Johnson ကတော့ သူ့အနေနဲ့ ဒီမေးခွန်းအတွက် အဖြေကိုသိချင်ရင်တော့ နောက်ထွက်လာမယ့် Red Notice ကားထဲမှာ စောင့်ကြည့်သွားဖို့ကိုလည်း ပြောကြားသွားခဲ့ပါသေးတယ်။

ဖော်လိုဝါ သုံးသန်းကျော်ရှိတဲ့ Dwayne Johnson ရဲ့ Instagram အကောင့်မှာလည်း ပရိသတ်တွေက မှတ်ချက်ပေါင်းများစွာပေးခဲ့ကြပြီး Dwayne Johnson အနေနဲ့ Porsche Taycan ကားထဲကို ဘယ်လိုအဆင်ပြေပြေဝင်ရောက်သွားမလဲဆိုတာတော့ လာမယ့် Red Notice ကားထဲမှာ ကြည့်ရှုသွားရတော့မှာပဲ ဖြစ်ပါတယ်။

Author