ကုန်သေတ္တာယာဉ်ယာဉ်များအား COVID-19 ကာလအတွင်း ညပိုင်းအတွင်း၌ သတ်မှတ်ချိန်အတွင်းသာ မောင်းနှင်သွားလာကြရန် အသိပေးကြေညာ

0

Full article

ကုန်သေတ္တာယာဉ်ယာဉ်များအား COVID-19 ကာလအတွင်း ညပိုင်းအတွင်၌ သတ်မှတ်ချိန်အတွင်းသာ မောင်းနှင်သွားလာကြရန် မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ အသိပေးကြေညာထားပါသည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအစဉ်းအဝေးဆုံးဖြတ်ချက်အရ မရှိမဖြစ်လိုအပ်မည့်လုပ်ငန်းများ၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများအား ညွှန်ကြားချက်နှင့်အညီဖွင့်လှစ်စေရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုအဆင်ပြေချောမွေ့စေရေးတို့အတွက် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်နှင့်အညီသွားလာနိုင်စေရေးအတွက် ထုတ်ပြန်ကြေညာခဲပြီးဖြစ်သော်လည်း ကုန်သေတ္တာသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် တားမြစ်ကန့်သတ်ချိန်ဖြစ်သော ည (၁၂ နာရီ) မှ နံနက် ၄ နာရီအတွင်း ကျော်လွန်သွားလာမှုမရှိစေရေးနှင့် သတ်မှတ်ချိန်ထက်စောကာထွက်ခွာခြင်း၊ နောက်ကျသွားလာခြင်းမဖြစ်စေရေး၊ အချိန်ကို စနစ်တကျတွက်ချက်သွားလာကြစေရန် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ထပ်မံအသိပေးကြေညာထားပါသည်။


အထက်ပါညွှန်ကြားချက်နှင့်အညီ တားမြစ်ချက်များကို ဖောက်ဖျက်မှုမရှိစေရေးအတွက် မိမိဂိတ်များရှိ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ထပ်မံအသိပေးညွှန်ကြားကြရန်နှင့် ကန့်သတ်တားမြစ်ချိန်များအား လုံးဝ(လုံးဝ) မကျော်လွန်စေရန်နှင့် Mask တပ်ဆင်ခြင်း၊ Hand Gel များထားရှိခြင်းတို့ကို ဆောင်ရွက်ကြရန် မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ အသိပေးကြေညာထားပါသည်။

Author