Ducati မှ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး စတုတ္ထမျိုးဆက်ဖြစ်သော Mutistrada V4 အား စတင်မိတ်ဆက်

0

Full article

Ducati မှ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး စတုတ္ထမျိုးဆက်ဖြစ်သော Mutistrada V4 အား စတင်မိတ်ဆက်ပြသလိုက်ကြောင်းသိရသည်။

Ducati ၏ Multistrada V4 သည် စွယ်စုံအစုံးပြုနိုင်သော မော်တော်ဆိုင်ကယ်တစ်စီးဖြစ်ပြီး လျှင်မြန် သွက်လက်သည့်ဒီဇိုင်း၊ သက်သောင့်သက်သာရှိစွာ မောင်းနှင်နိုင်ခြင်း၊ မည်သည့် လမ်းအခြေအနေမျိုးတွင်မဆို ထိခိုက်မှုမရှိစေပဲ စိတ်ချလုံခြုံစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး V4 Granturismo engine တပ်ဆင်ထားကြောင်းသိရသည်။

ထို့အပြင် Record Maintenance interval ပါဝင်ပြီး အဆင့်မြင့်လမ်းညွှန်စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ကာ အရှေ့၊ အနောက် ရေဒါ တပ်ဆင်ထားသည့် ကမ္ဘာ့ ပထမဆုံး မော်တော်ဆိုင်ကယ်ဖြစ်သည့်အပြင် Adaptive Cruise Control (ACC) နှင့် Blind Sport Detection (BSD) တို့လည်းပါဝင်ကြောင်းသိရသည်။

The V4 Granturismo engine သည် မြင်းကောင်ရေ 170hp ဖြစ်ကာ electric motogp ပါဝင်ပြီး မည်သည့်လမ်းအနေအထားမျိုးတွင်မဆို ကောင်းမွန်စွာမောင်းနှင်နိုင်မည့် Chassis ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ၂၂ လီတာဆန့်သည့် ဆီတိုင်ကီနေရာအပါအဝင် လမ်းကြမ်းများတွင် မတ်တပ်ရပ်မောင်းနှင်လျှင်တောင် အကောင်းဆုံးမောင်းနှင်နိုင်မည့်အနေအထားရအောင် ဒီဇိုင်းဆွဲထားကြောင်းသိရသည်။

Vehicle Hold Control (VHC) မှလည်း လမ်းချော်ပါက Restart ပြန်လုပ်နိုင်ရန် အကောင်းဆုံးကူညီပေးပြီး semi – active Ducati Skyhook suspensions (DSS) control system with Auto leveling function လည်းပါဝင်ကြောင်းသိရသည်။

Ducati မှ ၁၈ နှစ်အတွင်း Multistrada အစီးပေါင်း ၁၁၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး ပထမဆုံး Mulitstrada သည် sport bike ဖြစ်ကာ၊ ၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာ့ပထမဆုံး Riding Mood ပါသောဆိုင်ကယ်ကို ထုတ်လုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် လမ်းခရီးကြမ်းတွင် တုန်ခါမှုနည်းပြီး ကောင်းမွန်စွာမောင်းနှင်နိုင်သည့် variable timing ပါဝင်သော အင်ဂျင်ကို ပထမဆုံးတပ်ဆင်ခဲ့ကြောင်းသိရသည်။

Author